October 20, 2024

MT News

Photo- Nyein Kyaw

ပုံမှန်အတိုင်း လုံခြုံရေးတင်းကြပ်မှုတွေနဲ့ နေပြည်တော်ရဲ့ ပြည်ထောင်စုနေ့အကြို ဒီနေ့မှာတော့ မြန်မာနိုင်ငံရဲ့ အအေးချမ်းဆုံးဖြစ်နေတဲ့ နေပြည်တော်က တခြားမြို့နယ်တွေနဲ့မတူ စိုးထိတ်ရမှုကင်းစွာ ပုံမှန်အတိုင်းလည်ပတ်နေပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက် ပြည်ထောင်စုနေ့ အကြိုနေ့မှာတော့ နေပြည်တော်ကောင်စီနယ်မြေက လူစည်ကားတဲ့ နေရာတွေဖြစ်တဲ့ မြို့မဈေးမှာ ပုံမှန်လာရောက်နေတဲ့ အများပြည်သူတွေ၊ စားဝတ်နေ‌ရေးအတွက် ကြိုးပမ်းနေတဲ့ ဈေးရောင်းဈေးဝယ်တွေနဲ့ ပုံမှန်အတိုင်းလည်ပတ်နေသလို စားသောက်ဆိုင်တွေမှာလည်း အပန်းဖြေနားနေသူတွေနဲ့ စည်ကားနေပါတယ်။

ဒါ့အပြင် ဒီနေ့မှာ လုံခြုံရေးတင်းကြပ်ထားတဲ့အတွက် ပိတ်ထားမယ်လို့ ထင်ထားခဲ့တဲ့ နေပြည်တော်ရဲ့ နာမည်ကြီးနေရာတစ်ခုဖြစ်တဲ့ ရေပန်းဥယျာဥ်ကိုလည်း ပုံမှန်အတိုင်း ဖွင့်လှစ်ပေးခဲ့တဲ့အတွက် လာရောက်အပန်းဖြေနေကြတဲ့ အများပြည်သူတွေနဲ့ စည်ကားနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *