October 20, 2024

MT News

Written By Thandar

မီးမီးမွှေးထုတ်လုပ်ရေးက စီစဉ်ရိုက်ကူးတဲ့ Horror Comedy ဇာတ်လမ်းပုံစံ ” လရောင်မွှေးတဲ့ ည” ဇာတ်ကားကန်တော့ပွဲပေးတဲ့ အခမ်းအနားကို ဖေဖော်ဝါရီ ၁၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့မှာရှိတဲ့ ကျိုက္ကဆံဘုရားမှာ ကျင်းပခဲ့ပါတယ်။

“မီးမီးမွှေးထုတ်လုပ်ရေးဘက်က Horror Comedy ဇာတ်လမ်းလေးရချင်တယ်ဆိုလို့ ကျွန်တော်တို့အဖွဲ့ကနေပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်းရေးပြီး ရိုက်ကူးဖြစ်တာပါ။ မီးမီးမွှေးထုတ်လုပ်ရေးက သရုပ်ဆောင်တွေနဲ့အတူ အကောင်းဆုံးဖြစ်အောင် ရိုက်ကူးသွားမှာပါ”လို့ ဒါရိုက်တာ ထွဋ်တင့်ထွန်းက ပြောပါတယ်။

“လရောင်မွှေးတဲ့ည” ၂ နာရီစာ Movie ဇာတ်ကားကို မနက်ဖြန် ဖေဖော်ဝါရီ ၁၂ ရက်နေ့ကစပြီး ရိုက်ကူးမှာဖြစ်ပြီး ViU Myanmar အပလီကေးရှင်းမှာ ပြသပေးမယ်လို့ သိရပါတယ်။

ဒီဇာတ်ကားရဲ့ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို ပိုင်စိုးသူမောင်က ရေးသားပြီး ဒါရိုက်တာ ထွဋ်တင့်ထွန်းက ရိုက်ကူးထားသလို သရုပ်ဆောင်တွေအဖြစ် အောင်ရဲထိုက်၊ နေရှိုင်း၊ ဇွဲဇင်၊ သွန်းသက်ထူးစံ၊ ခင်ရတီသင်းနဲ့ Special Guest အဖြစ် သိန်းလင်းစိုး စတဲ့ အနုပညာရှင်တွေကပါဝင် သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

“ဒီဇာတ်ကားမှာ ညီမက ကပ်စေးနည်းတဲ့ ကောင်မလေးအနေနဲ့ ပရိသတ်မြင်ရမှာပါ။ ဟာသလည်း လုပ်ရမှာဆိုတော့ ကိုယ့်အတွက် အခက်အခဲရှိမယ်လို့ထင်ပါတယ်။

လူတွေကို ရယ်အောင်လုပ်ရတာ ခက်တယ်ဆိုတော့လေ။ ဒါပေမယ့်လည်း ဒါရိုက်တာရဲ့ သင်ပြမှုနဲ့ ညီမအကောင်းဆုံးကြိုးစားသွားမှာပါ” လို့ သရုပ်ဆောင် ခင်ရတီသင်းက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *