October 20, 2024

ငလျင်ကြောင့် အပျက်အစီးများအောက်တွင် ထူးထူးခြားခြားမွေးဖွားခဲ့သူ ကလေးငယ် အေရာအား ဆေးရုံ၌တွေ့ရစဉ်

MT News

translated by Htwe Ko Tun

ဖေဖော်ဝါရီ ၆ ရက် နံနက်က တူရကီနိုင်ငံတောင်ပိုင်းကိုဗဟိုပြုလျက် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် တူရကီနှင့် ဆီးရီးယားနှစ်နိုင်ငံစလုံးတွင် အဆောက်အအုံအများအပြား ပြိုကျခဲ့ရာတွင် ပြိုကျနေသောအပျက်အစီးများအောက် မွေးဖွားခဲ့ခြင်းဟုယူဆရသည့် မိခင်နှင့်ချက်ကြိုးတန်းလန်းဖြစ်နေဆဲဖြစ်သော ကလေးငယ်တစ်ဦးကို ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲပိုင်းတွင် ကယ်ဆယ်ရေးသမားများက ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြသည်။

ကလေးငယ်ကို ဆီးရီးယားနိုင်ငံ၊ ဂျင်ဒီးရီးစ်မြို့တွင် ပြိုကျခဲ့သော ငါးထပ်တိုက်အဆောက်အအုံအပျက်အစီးများအောက်တွင် အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြခြင်းဖြစ်ပြီး ၎င်း၏ မိခင်၊ ဖခင်နှင့် မွေးချင်းလေးဦးစလုံးမှာ ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့ကြရသည်။ မိသားစုအတွင်း တစ်ဦးသာကျန်တော့သည့် ကလေးငယ်အား အနီးရှိ အက်ဖရင်မြို့ ဆေးရုံသို့တင်ပို့ထားခဲ့ပြီး ယခုအခါ ၎င်း၏ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ကြောင်းသိရသည်။

ထိုကလေးငယ်အား အေရာဟု အမည်ပေးထားရာ အာရေဗျစကားအရ ‘အံ့ဖွယ်သရဲ’ ဟုအဓိပ္ပါယ်ရကြောင်းလည်း သိရသည်။ ယခုအခါတွင်မူ ငလျင်ကြောင့် အပျက်အစီးများအောက်တွင် ထူးထူးခြားခြားမွေးဖွားခဲ့သူ ကလေးငယ် အေရာအား မွေးစားရန်ကမ်းလှမ်းလာသူ ထောင်နှင့်ချီ၍ရှိကြောင်း သိရသည်။

Ref–BBC

Leave a Reply

Your email address will not be published. Required fields are marked *