October 22, 2024

မီးလောင်ကျွမ်းမှုအား ငြှိမ်းသတ်နေသည်ကို တွေ့ရစဥ်

၆. ၁၀. ၂၀၂၂
Written by Naing Thuta

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ မမ-၂၅၊ တိုက်–၊ အခန်း–တွင် အောက်တိုဘာ ၆ ရက် နေ့လည် ၁၂ နာရီဝန်ကျင်ခန့်က ခြင်ဆေးခွေထွန်းရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မီးလောင်မှုဖြစ်စဉ်မှာ တိုက်ခန်းတွင်နေထိုင်သူ ဒေါ်…၏ မီးဖိုချောင်ရှိ ဆိုဖာခုံတွင် ခြင်ဆေးခွေ ထွန်းညှိထားရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး တိုက်ခန်းမီးဖိုချောင်အတွင်းရှိ ကြောင်အိမ် ၁ လုံး၊ ရေခဲသေတ္တာ ၁ လုံး၊ ဆိုဖာခုံ ၁ လုံးတို့အား မီးစွဲလောင်ကျွမ်းခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ မီးလောင်မှုကို မြို့နယ်မီးသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၄ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦးခန့်နှင့် ရပ်ကွက်သူရပ်ကွက်သားများမှ မီးဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် မီးငြိမ်းသတ်ခဲ့ကြောင်းသိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *