October 22, 2024

ဩဂုတ်လအတွင်းဖြစ်ပွားခဲ့သည့် မီးလောင်မှုဖြစ်စဥ်တစ်ခုအား မီးသတ်တပ်ဖွဲ့ဝင်များ ငြှိမ်းသတ်ပေးနေစဥ် (Photo-MFSD)

၆. ၁၀. ၂၀၂၂
Written by Thettant

ယခုနှစ် ဇန်နဝါရီမှ ဩဂုတ်အထိ ရှစ်လတာကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းတွင် မီးလောင်မှုများကြောင့် ပြည်သူ ၇၂ ဦး သေဆုံးကာ လူ ၈၀၁၁ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

၂ဝ၂၂ ခုနှစ် ဩဂုတ်လအတွင်း နိုင်ငံတစ်ဝန်းလုံးတွင် မီးလောင်မှု ၇၆ ကြိမ်ဖြစ်ပွားခဲ့ပြီး မီးအမျိုးအစားအလိုက် မီးဖိုမီး ၄ ကြိမ်၊ ပေါ့ဆမီး ၂၂ ကြိမ်၊ အလိုအလျောက်မီး ၂ ကြိမ်၊ လျှပ်စစ်မီး ၂၈ ကြိမ်၊ မသမာသူရှို့မီး ၁၃ ကြိမ်၊ သောင်းကျန်းသူရှို့မီး ၆ ကြိမ်၊ မိုးကြိုးပစ် ၁ ကြိမ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ အိမ်ခြေ အဆောက်အဦ ၁၁၅ လုံးတွင် ဂိုဒေါင် ၂ လုံး မီးလောင်ခံရပြီး မီးဘေးသင့် ပြည်သူ ၁၉၄ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကာ ဒဏ်ရာရသူ ၈ ဦးနှင့် သေဆုံးသူ ၁၉ ဦး ရှိခဲ့သည့်အပြင် ငွေကျပ် ၆၃ ဒသမ ၈၈၀ သန်းခန့် ဆုံးရှုံးခဲ့ရသည်။

၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီမှ သြဂုတ်လအထိ ၈ လတာကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မီးအမျိုးအစားအလိုက် မီးဖိုမီး ၁၇၈ ကြိမ်၊ ပေါ့ဆမီး ၂၉၆ ကြိမ်၊ အလိုအလျောက်မီး ၁၇ ကြိမ်၊ လျှပ်စစ်မီး ၃၃၆ ကြိမ်၊ မသမာသူရှို့မီး ၁၇၆ ကြိမ်၊ တောမီး ၄၄ ကြိမ်၊ သောင်းကျန်းသူရှို့မီး ၇၂ ကြိမ်၊ မိုးကြိုးပစ် ၆ ကြိမ်၊ စုံစမ်းဆဲ ၄ ကြိမ် စုစုပေါင်း ၁၁၂၉ ကြိမ် ဖြစ်ပွားခဲ့သည်။ အဆိုပါ မီးလောင်မှုဖြစ်စဥ်များကြောင့် အိမ်ခြေအဆောက်အဦ ၃၀၄၅ လုံးတွင် စက်ရုံ/အလုပ်ရုံ ၇ လုံးနှင့် ဂိုဒေါင် ၆၃ လုံး မီးလောင်ခံခဲ့ရပြီး မီးဘေးသင့်ပြည်သူ ၈၀၁၁ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

နိုင်ငံတစ်ဝန်းလုံးတွင် ၁၁၂၉ ကြိမ် မီးလောင်မှုကြောင့် လူ ၇၂ ဦးသေဆုံးပြီး ၁၀၁ ဦး ဒဏ်ရာရရှိကာ တိရစ္ဆာန် ၈၂၃၅ ကောင်သေဆုံးပြီး ငွေကျပ် ၄ဝ၄ ဒသမ ၅၆၅ သန်းခန့် ဆုံးရှုံးခဲ့ရသည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်မှုများတွင် “မီးဖိုမီး၊ လျှပ်စစ်မီး၊ ပေါ့ဆမီး” များသည် အများဆုံးတွေ့ရှိရသော အချက်များဖြစ်သည့်အတွက် မီးဖိုမီးကြောင့် ဖြစ်ပွားတတ်သော မီးလောင်မှုများ မဖြစ်ပေါ်စေရေးအတွက် မီးဖိုအနီး လူစောင့်ထားရှိခြင်း၊ လောင်စာဆီများ မထားကြရန်နှင့် အိုမင်းမစွမ်းသူများ ကလေးငယ်များအား မီးမွှေးခြင်း၊ ထမင်းချက်ခြင်း၊ ရေနွေးကြိုခြင်းများ မပြုလုပ်ခိုင်းခြင်း၊ မီးဖိုနံဘေးနှင့် အဖိုး/ နံရံအကြား လုံလောက်သော အပူခံအကာအရံများ ထားရှိစေခြင်းဖြင့် မီးလောင်မှုမှ ကင်းဝေးစေမည် ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *