၈. ၂. ၂၀၂၃
Written by Thettant
ငလျင်ဒဏ်ကြောင့် လူ ၈၀၀၀ ခန့်သေဆုံးသည့် တူရကီနှင့် ဆီးရီးယားသို့ ဆုမွန်ကောင်းတောင်းစာကို NUG က ယနေ့ ပေးပို့လိုက်သည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်၌ တူရကီနိုင်ငံ Gaziantep ပြည်နယ်ရှိ Nurdagi အရှေ့ဘက် ၂၃ ကီလိုမီတာအကွာ၊ အနက် ၂၄.၁ ကီလိုမီတာတွင် ဗဟိုပြု၍ လှုပ်ခတ်သွားသော ပြင်းအား ၇.၈ အဆင့်ရှိသည့် ငလျင်သည် တူရကီနိုင်ငံနှင့် ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းဒေသများသို့ သက်ရောက်မှုရှိခဲ့ပြီး အဆိုပါငလျင်ဒဏ်ကြောင့် ပြည်သူ ၈,၀၀၀ နီးပါး သေဆုံးခဲ့ရကာ၊ ၄၀,၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အအုံ ထောင်ပေါင်းများစွာလည်း ပြိုကျပျက်စီး ဆုံးရှုံးခဲ့သည်ဟု သိရသည်ဟု NUG က ဆိုသည်။
ထို့အတွက် တူရကီနိုင်ငံနှင့် ဆီးရီးယားနိုင်ငံရှိ ပြည်သူများ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော သဘာဝဘေးအန္တရာယ်၏ ဖိစီးမှုများကို အမြန်ဆုံးအောင်မြင်ကျော်လွှားနိုင်ကြပါစေကြောင်းနှင့် နောက်နောင်တွင်လည်း သဘာဝကြောင့်ဖြစ်သော ဘေးအန္တရာယ်၊ လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များ ကင်းဝေးကြပါစေကြောင်း ဆုမွန်ကောင်းတောင်းသဝဏ်လွှာပေးပို့သည်ဟု NUG ၏ ထုတ်ပြန်ချက်က ဖော်ပြသည်။