မလေးရှားရောက် ဒုက္ခသည် ၁၈၀၀၀၀ အနက် ၈၀ ရာခိုင်နှုန်းမှာ မြန်မာဟုဆိုပြီး ကလေးသူငယ် ၅၀၀၀၀ ကျော်ပါဝင်နေ
၈. ၂. ၂၀၂၃
Written by Nay Aung
မလေးရှားနိုင်ငံရှိ မြန်မာဒုက္ခသည်များသည် ကျောင်းတက်ခွင့်ရရန် ခက်ခဲစွာရုန်းကန်နေရသလို ကန့်သတ်ထားသော အခွင့်ရေးများကို ရယူနိုင်ရန်လည်း ကြိုးပမ်းရုန်းကန်နေရကြောင်းသိရသည်။
အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် မြန်မာနိုင်ငံသားထောင်ချီသည် ၎င်းတို့ပညာရေး ဆက်လက်သင်ကြားနိုင်ရန် အိမ်နီးချင်းနိုင်ငံများသို့ နေရပ်စွန့်ခွာထွက်ပြေးမှုများရှိနေခဲ့ကြောင်း သိရသည်။
ပြီးခဲ့သော နှစ်လကျော်က မလေးရှားနိုင်ငံသို့ထွက်ပြေးခဲ့သော အသက် ၂၂ နှစ်အရွယ်ရှိ ချင်းတိုင်းရင်းသူက ” ကျွန်မဟာ အင်္ဂလိပ်စကားကိုမပြောနိုင်တဲ့အတွက် အလုပ် မရှာဖွေနိုင်သေးဘူး။ ကျွန်မဟာ မြန်မာနိုင်ငံမှာ ၁၀ တန်းအောင်မြင်ခဲ့ပေမယ့်လည်း အင်္ဂလိပ်စကား အခြေခံကို မပြောနိုင်ဘူး။ ဒါဟာကျွန်မရဲ့ကိုယ်ပိုင် ရှင်သန်ရပ်တည်ရေးကို အထောက်အပံ့မဖြစ်ဘဲဖြစ်နေတယ်။ ကျွန်မဟာ အင်္ဂလိပ်စကားကိုကောင်းမွန်စွာ ပြောဆိုနိုင်မယ်ဆိုရင် ဘယ်နေရာမှာဖြစ်ဖြစ် ပိုမိုကောင်းမွန်အောင် အံဝင်မှာပါ။ အဲဒီအတွက်လေ့လာမှုတွေကို ဆက်လက်လုပ်ဆောင်နေရတယ်” ဟု ထုတ်ဖော်ပြောဆိုသည်။
ကွာလာလမ်ပူမြို့ရှိ ချင်းဒုက္ခသည်များမဟာမိတ်အဖွဲ့ (ACR)၏ သင်ကြားရေးစင်တာမှအကြီးအကဲတစ်ဦးဖြစ်သူ Bella Cing Kop Khanက ” နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေဟာ အသက်အရွယ်ရနေပေမယ့်လည်း အင်္ဂလိပ်စကားကို အခြားသူတွေလို ကောင်းကောင်း ပြောဆိုနိုင်မှုမရှိဘူး။ အားနည်းချက်တွေရှိနေတာကြောင့် သူတို့တွေဟာ မလေးရှားနိုင်ငံမှာကျောင်းပြန်တက်ဖို့ စိုးရိမ်ကြောက်ရွံ့နေတယ်။ အချို့ကတော့ ကြိုးစားဖို့ ဆန္ဒရှိနေတယ်” ဟုဆိုသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သောနှစ် ဇွန်လက ကျောင်းသားတစ်ဝက်နီးပါး ကျောင်းမတက်ဘဲနေထိုင်ခဲ့ကြောင်း၊ အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းကတည်းက မြန်မာနိုင်ငံတဝှမ်းတွင်ကျောင်းသားအားလုံး၏ ၈၀ ရာခိုင်နှုန်းခန့် ကျောင်းမအပ်ဘဲရှိနေခဲ့ကြောင်း၊ Save the Children အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနှင့် lockdowns ချမှတ်မှုများကလည်း ကျောင်းသားများ၏ ပညာသင်ကြားရေးကိုအဟန့်တားဖြစ်စေခဲ့ကြောင်းသိရသည်။
ACR ၏ သင်ကြားရေးစင်တာမှအကြီးအကဲက” မလေးရှားနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာဒုက္ခသည်အရေအတွက်များနေတယ်။ မိဘတွေဟာ သူတို့နဲ့အတူ သားသမီး ၃ ဦး၊ ၄ ဦးကိုခေါ်ယူလာတယ်။ အဲဒီကလေးတွေဟာ မလေးရှားနိုင်ငံမှာ ကျောင်းအပ်လို့မရနိုင်ဘူး။ သူတို့အတွက် အရမ်းဝမ်းနည်းမိတယ်” ဟုဆိုသည်။
မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များမဟာမင်းကြီးရုံး (UNHCR)တွင် ဒုက္ခသည်အဖြစ် စာရင်းသွင်းထားသူပေါင်း ၁၈၀၀၀၀ ရှိနေပြီး အဆိုပါအရေအတွက် ၏ ၈၀ ရာခိုင်နှုန်းက မြန်မာနိုင်ငံမှ ဖြစ်ကာ အသက် ၁၈ နှစ်အောက်အရွယ်က ၅၀၀၀၀ ကျော် ရှိနေကြောင်း ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီက ဆိုသည်။
မြန်မာနိုင်ငံသားများသည် မလေးရှားနိုင်ငံသို့ လာရောက်ရန်ကြိုးပမ်းရာတွင်တရားဝင်အသိအမှတ်ပြုအထောက်ထားမပါဘဲ လာရောက်ခြင်းဖြစ်ပြီး မလေးရှားနိုင်ငံရှိ အဖွဲ့အစည်းစင်တာများတွင်နေထိုင်နေရကာ အသစ်ရောက်ရှိလာသူ လူဦးရေထောင်ချီအတွက်မည်သူမည်ဝါဖြစ်ကြောင်း အထောက် အထားကတ်ကို ထုတ်ပေးထားရကြောင်း သိရသည်။
မလေးရှားအစိုးရသည် တရားမဝင် ရွှေ့ပြောင်းလာရောက်သူများကို ဖြိုခွင်းရန်အတွက် စီးနင်းမှုများလည်း မကြာခဏလုပ်ဆောင်လျက်ရှိနေကြောင်းသိရသည်။ မလေးရှားပြည်ထဲ ရေးဝန်ကြီးဆိုင်ဖူ နာဆူတင်က မလေးရှားအစိုးရအနေဖြင့် လက်ရှိအချိန်တွင် ဒုက္ခသည်များနှင့်ပတ်သက်ပြီး ဥပဒေ ပြောင်းလဲရန် အစီစဉ်မရှိကြောင်း ပြောဆိုထားသည်။
ref – channelnewsasia
#Myanmar #malaysia #chin #mtnews
#myanmar_transparency_news
