၈. ၂. ၂၀၂၃
Written by Nyein Kyaw
မင်္ဂလာတောင်ညွန့်မြိုနယ်၊ သိမ်ဖြူလမ်းရှိ SAMSUNG ဆားဗစ်စင်တာတွင် ဝါယာကြိုးရှော့ဖြစ်ပွားမှုကြောင့် ဖေဖော်ဝါရီလ ၈ ရက်နံနက်က မီးလောင်ခဲ့ပြီး ဘေးတိုက်ခန်းများနှင့် အခြားဆိုင်ခန်းများ ထိခိုက်ခဲ့ခြင်းမရှိကြောင်း သိရသည်။
“ဝါယာကြိုးရှော့ဖြစ်တာလို့ သိရတယ်။ ဘေးကတိုက်ခန်းတွေ ဆိုင်တွေကိုတော့ မီးမကူးလိုက်ဘူး လောင်တဲ့အချိန်ကလည်း နည်းတာရယ်။ အမြန်ငြှိမ်းတာရယ်ကြောင့်၊ ကျန်တာတော့ဘာမှမဖြစ်ဘူး။ ဝါယာရှော့တစ်ခုပဲ” ဟု အဆိုပါမီးလောင်မှုသို့ သွားရောက်ကူညီပေးခဲ့သည့် မင်္ဂလာတောင်ညွန့်လူမှုကူညီရေးအသင်းက ပြောသည်။
ဖေဖော်ဝါရီ ၈ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းရှိ SAMSUNG ဆားဗစ်စင်တာတွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး နံနက် ၁၀ နာရီ ၄၆ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်ကြောင့် SAMSUNG ဆားဗစ်စင်တာအနေနှင့် မည်မျှပျက်စီးဆုံးရှုံးမှုရှိခဲ့သည်ကို သိရှိခြင်းမရှိသေးကြောင်း သိရသည်။