၈. ၂. ၂၀၂၃
Written By Thandar
ဇာတ်လမ်းတွဲတွေကြောင့် ပရိသတ်အားပေးမူရရှိလာတဲ့ သရုပ်ဆောင် ဘုန်းသီရိကျော်ကတော့ Personal ကြောင့် အားပေးတဲ့သူတွေ ထက်စာရင် Talent ကြောင့်အားပေးတဲ့သူ ရှိအောင် Jenney ကြိုးစားမယ်လို့ အမြဲတမ်းခံယူထားပါတယ်လို့ ဆိုပါတယ်။
“Jenney ကဘယ်အရာမဆို ကိုယ်လုပ်လိုက်တဲ့အပြုအမူ ကိုယ်ရွေးချယ်လိုက်တဲ့အရာ ကိုယ်ပြောလိုက်တဲ့စကားတွေကြောင့်ပဲ နောက်ဆက်တွဲတွေ ဖြစ်လာတယ်လို့ ထင်တယ်။ ကံကို အရမ်းကြီး ယုံတဲ့အထဲမှာ မပါပါဘူး။ အောင်မြင်လာခြင်းသည် တစ်ခါတစ်လေလည်း ကံကနည်းနည်းပါးပါးတော့ လိုတယ်။ ကံကို အပြည့်အဝ မယုံဘူး။ အောင်မြင်လာရင်လည်း ကြိုးစားမူကြောင့်လို့ ထင်တယ်။ ကျရှုံးသွားရင်လည်း ကိုယ်လုပ်လိုက်တဲ့ စကား၊ ကိုယ်ရွေးချယ်လိုက်တဲ့ဟာ အကြောင်းအရာ တစ်ခုခုကြောင့် ဖြစ်သွားတယ်လို့ Jenney က ယုံကြည်တယ်။ ကံ ကြီးအပေါ်မှာ အရမ်းကြီးပုံပြီး ယုံတဲ့အထဲမှာ Jenney ကမပါပါဘူး”လို့ သရုပ်ဆောင် ဘုန်းသီရိကျော်က ပြောပါတယ်။
သူမက လက်ရှိ Ooredoo ရဲ့ ရွှေကျပ် ၁၀ သား ဆုချီးမြှင့်ပွဲကို တက်ရောက်ပြီးတော့ ဂိမ်းတွေဆော့ကစားခဲ့သလို Mahar Appထုတ်လွှင့်နေတဲ့ ဇာတ်လမ်းတွဲမှာလည်း သရုပ်ဆောင် ထက်အောင်ရှိုင်း၊ ခေးဆက်သွင် နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။ ဘုန်းသီရိကျော်ကတော့ အနုပညာပတ်သက်ရင် အကောင်းဆုံး အရည်အချင်းရှိအောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
“Jenney ကတော့အောင်မြင်တဲ့အထဲတော့ မပါသေးပါဘူး။ ဒါပေမယ့် အမြဲတမ်းတော့ Jenneyက ယုံကြည်တယ် Talent တစ်ခုနဲ့ပဲသွားမယ် ဆိုပြီးတော့။ ဘယ် Level ပဲရောက်ရောက် Jenney သည် Talent တစ်ခုနဲ့ပဲသွားမယ် ။အရည်အချင်းရှိအောင် လုပ်မယ်။ ကိုယ့်ကို အားပေးသူကလည်း ဒီအရည်အချင်း အပေါ်မှာပဲ ကြည့်တယ် ။ Jenney ကို Personal ကြောင့် အားပေးတဲ့သူတွေ ထက်စာရင် Talent ကြောင့် အားပေးတဲ့သူ ရှိအောင် Jenney ကြိုးစားမယ်လို့ အမြဲတမ်းခံယူထားပါတယ်”လို့ သူမက ဆက်ပြောသွားပါတယ်။