MT News
Written By Thandar
နယ်ဒေသတွေမှာ ပရိသတ်တောင်းဆိုမူကြောင့် တေးသီချင်းဖျော်ဖြေမှုတွေ လုပ်နေရပေမယ့် အသံအိုးထိခိုက်သွားလို့ စိတ်ဓာတ်တော်တော် ကျသွားခဲ့တယ်လို့ မော်ဒယ်လ်သရုပ်ဆောင်သင်းသင်းက MT News Entertainment ကို ပြောပါတယ်။
“သင်း ပထမတော့ ကိုယ်ပိုင်သံစဥ်သီချင်းလေးတွေ ထွက်ချင်ခဲ့တယ်။ သင်း ကို ပွဲလေးတွေမှာ လိုက်ဆိုတော့ အားပေးတဲ့သူတွေလည်း ရှိလာတော့လေ။ သင်းရဲ့ အသံအိုးကို ထိခိုက်မူဖြစ်သွားတာ ၇ လ လောက်ရှိပါပြီ။ အသံလုံးဝအဆင်မပြေဘူး။ အသံကို လုံးဝထိနေတယ်။ အသံအိုး ထိသွားလို့ သင်းစိတ်ဓာတ်တွေလည်း တော်တော်လေး ကျသွားတယ်။ ဒီအချိန်မှာ နယ်တွေမှာ အရမ်းအေးတဲ့နေရာရောက်ရင် အသံက မရတော့ဘူး။ သင်းက ရေခဲရေ အအေး အရမ်းကြိုက်တဲ့သူဆိုတော့လေ။ နည်းနည်းအော်လိုက်ရင် အသံပါပျောက်သွားတယ်လေ။ နည်းနည်းလေး စိတ်ဓာတ်ကျသွားတယ်။ သီချင်းဆိုဖို့ ရည်ရွယ်ထားတာ အများကြီးပါပဲ။ ဂီတလမ်းကြောင်းပေါ် လျှောက်ချင်တယ်။ သင်း အတွက် အမှတ်တရလေးဖြစ်ဖို့အတွက် ဆရာကောင်းတွေနဲ့ လေ့ကျင့်ဖို့လုပ်နေတာ ခုအသံက တော်တော်လေးကောင်းအောင် ပြန်လုပ်ရဦးမှာပါ” လို့ သင်းသင်းက ဆိုပါတယ်။
အသံအိုးထိခိုက်ထားမှုရှိပေမဲ့ နယ် ယဘက်က အလှူပွဲတွေ ဘုရားပွဲတွေကို လိုက်ပြီး တေးသီချင်း သီဆိုဖျော်ဖြေမူတွေ ဆက်လက်လုပ်ကိုင်နေလျက် ရှိတယ်လို့ သိရပါတယ်။
“အမှန်တော့ အသံကြောင့် သင်းအရမ်းကို စိတ်ဓာတ်တွေကျနေတာပါ။ တော်တော်လေး စိတ်ဓာတ်ကျတယ်။ သင်းတို့က ဘဝသမားဖြစ်တဲ့အတွက် ရုန်းကန်ရတယ်။ ခုချိန်မှာ သီချင်းဆိုပွဲငှားတယ်ဆိုတော့ ဒီနှစ်မှာ အလှူပွဲ၊ ဘုရားပွဲ၊ မင်္ဂလာဆောင်ပွဲတွေရှိတယ်ဆိုတော့ ပွဲတွေ ဆက်တိုက်လိုက်မဆိုလိုက်နိုင်ဘူး။ အရင်တုန်းက Key မသိ ဘာမှလည်းမသိ ကိုယ့်အသံလည်း မသိ Note စာရွက်လည်း မရှိတဲ့သူက ဒီသီချင်းလိုက်ဆိုလို့သာ သင်းရဲ့မိသားစုအတွက် ဖြေရှင်းနိုင်ခဲ့တယ်။ခုချိန်မှာ ပွဲစိပ်ရမှာ။ မဆိုနိုင်တော့လေ စိတ်ဓာတ်ကျသွားတယ်”လို့ သူမက ဆက်ပြောပါတယ်။
လက်ရှိ တေးသီချင်းလေးတွေ လိုက်ဖျော်ဖြေရမယ့် အချိန်မှာ ၇ လကြာ အသံအိုးထိခိုက်သွားတဲ့ အတွက် ဗန်ကောက်ကို ဆေးသွားကုဖို့လည်း စီစဥ်နေတယ်လို့ သူကဆိုပါတယ်။ သင်းသင်းရဲ့ အသံအိုးထိခိုက်မှု ကြောင့် အသံကောင်းကောင်း မကောင်းကောင်း သီချင်းစာသား ရရ မရရ ပရိသတ်က ချစ်နေတာဖြစ်တဲ့အတွက် စင်ပေါ်ရောက်တိုင်း အားပေးနေကြတယ်လို့ ဆိုပါတယ်။