ဌာပနာ လှူဒါန်းလိုသူများ ဖေဖော်ဝါရီ ၈ ရက် နောက်ဆုံးထား လာရောက်လှူဒါန်းနိုင်
MT News
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ဌာပနာတော်အတွက် ရွှေနှင့်ကျောက်မျက် ပိဿာ ၁၀၀ ခန့်အပြင် ကျပ်သိန်း ၇၆၀၀ ကျော် ပြည်သူများ ပါဝင်လှူဒါန်းထားပြီး ဌာပနာတော် ထည့်ဝင်လှူဒါန်းလိုသူများအနေဖြင့် ဖေဖော်ဝါရီ ၈ ရက် နောက်ဆုံးထား လှူဒါန်းနိုင်ကြောင်း သိရသည်။
SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့်(၇)ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့လှူဒါန်းမှုဖြင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အလယ်ဗဟိုဌာနတွင် ဌာပနာတော် သွင်းလှူပူဇော်ခြင်းကို ဇန်နဝါရီ ၂၇ ရက်တွင်ပြုလုပ်ခဲ့ပြီး စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ရွှေထည် ၁၀၄ ကျပ်သား ၆ ပဲ ၃ ရွေး၊ ကျောက်မျက် ရတနာပါရွှေထည်ပစ္စည်း ၂၀၀ ကျပ်သား ၁ ပဲ ၁ ရွေး၊ ကျောက်မျိုးစုံ ၃ ကီလိုဂရမ် အပါအဝင် ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ၊ အဖိုးတန်ရွှေငွေ ကျောက်သံပတ္တမြားများကို ဌာပနာသွင်းလှူပူဇော်နိုင်ခဲ့သည်။
ထို့ပြင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ထပ်မံထည့်သွင်းလှူဒါန်းပူဇော်ရန် ဆက်လက်လှူဒါန်းရာ ဖေဖော်ဝါရီ ၇ရက်နေ့အထိ လာရောက် လှူဒါန်းမှုစုစုပေါင်းမှာ ရွှေထည် ၁၀ ပိဿာ ၂ ကျပ်သား၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၅ ပိဿာ ၅၆ ကျပ်သား၊ ကျောက်မျိုးစုံ ၇၉ ပိဿာ ၂၅ ကျပ်သား၊ ဓာတ်တော်မွေတော်၊ ပုလဲ၊ နှင့် ငွေထည်ပစ္စည်းများ၊ ဘွဲ့တံဆိပ်များနှင့် အလှူငွေ ၇၆၀၉၀၂၈၀၀ ကျပ် တို့ကို လာရောက်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဌာပနာတော်ထပ်မံထည့်သွင်း သွင်းလှူပူဇော်လိုပါက နေပြည်တော် ကောင်စီနယ်မြေအပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ တာဝန်ရှိသူများထံသို့ ဖေဖော်ဝါရီ ၈ ရက်နေ့အထိ ဆက်သွယ်စုံစမ်း လှူဒါန်းနိုင်ကြောင်းနှင့် အဆိုပါ ၈ ရက်နေ့နောက်ပိုင်းတွင် ကြိုတင်ပြင်ဆင်ရန် လုပ်ငန်းများရှိပါသဖြင့် အဖိုးတန်ကျောက်မျက်ရတနာများ ဌာပနာပစ္စည်းများကို လက်ခံခြင်းမရှိတော့ဘဲ လှူဒါန်းငွေများကိုသာ လက်ခံသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ဖေဖော်ဝါရီ ၈ ရက်အထိ လှူဒါန်းလိုသူများအနေဖြင့် (က) ဒုတိယဗိုလ်မှူးကြီး အောင်ထက်ဟိန်း ၀၉-၂၀၁၄၄၇၀၊ (ခ) ဒုတိယဗိုလ်မှူးကြီး အောင်ကို ၀၉-၂၅၉၀၉၉၈၉၉၊ (ဂ) ဗိုလ်မှူးချုပ် ကျော်စိုးဦး ၀၉-၃၉၁၀၀၅၄၇ နေပြည်တော်၊ (ဃ) ဗိုလ်မှူးချုပ် မြတ်သူစိုး ၀၉-၃၉၁၀၀၉၃၂ မြစ်ကြီးနား၊ (င) ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း ၀၉-၃၉၁၀၃၉၇၅ လားရှိုး၊ (စ) ဗိုလ်မှူးချုပ် ဝင်းဇော်မိုး ၀၉-၃၉၁၀၃၂၆၆ တောင်ကြီး၊ (ဆ) ဗိုလ်မှူးချုပ် သန်းထွန်းအောင် ၀၉-၃၉၁၀၃၄၈၂ ခိုလမ်၊ (ဇ) ဗိုလ်မှူးချုပ် ကျော်ထက် ၀၉-၃၉၁၀၄၀၉၅ ကျိုင်းတုံ ၊(ဈ) ဗိုလ်မှူးချုပ် ကျော်သူရအေး ၀၉-၃၉၁၀၁၅၄၁ မော်လမြိုင်၊ (ည) ဗိုလ်မှူးချုပ် သစ်လွင်ထူး ၀၉-၃၉၁၀၀၇၈၇ မြိတ်၊ (ဋ) ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင် ၀၉-၃၉၁၀၃၂၈၃ ရန်ကုန်၊ (ဌ) ဦးမင်းမင်းထွန်း ၀၉-၄၂၂၅၁၁၈၈၈ ရန်ကုန်၊ (ဍ) ဦးသက်နိုင် ၀၉-၆၉၃၀၁၉၄၉၅ ရန်ကုန်၊ ( ဎ ) ဗိုလ်မှူးချုပ် အောင်ခင်ဇော် ၀၉-၃၉၁၀၀၃၄၈ ပုသိမ်၊ (ဏ) ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ၀၉-၃၉၁၀၃၂၂၄ အမ်း၊ (တ) ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင် ၀၉-၃၉၁၀၀၃၄၅ မုံရွာ၊ (ထ) ဗိုလ်မှူးကြီး အောင်လွင် ၀၉-၃၉၁၀၁၇၄၈ မန္တလေး၊ (ဒ) ဦးတင်မောင်စိုး ၀၉-၂၅၀၈၆၂၁၅၈ မန္တလေး၊ (ဓ) ဦးစိုးဟိန်းနောင် ၀၉-၆၉၅၀၀၈၆၈၀ မန္တလေး၊ (န) ဗိုလ်မှူးချုပ် အောင်ခိုင်ချို ၀၉-၃၉၁၀၀၆၃၂ တောင်ငူ စသည်ပုဂ္ဂိုလ်များသို့ နယ်မြေဒေသအလိုက် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။