October 23, 2024

ဓာတ်ပုံ ရွှေရောင်တွဲလက်လူမှုကူညီကယ်ဆယ်ရေး

၇. ၂. ၂၀၂၃
Written by Ye Kyaw

ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် MPT Exchange ရုံး မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် MPT ဖုန်းလိုင်းများ.ပြတ်တောက်ခဲ့ပြီး ယခုအချိန်အထိ ဆက်သွယ်ရေးကွန်ရက် ပြန်လည်မရရှိသေးသည့်အတွက် မူလအတိုင်း ဆက်သွယ်မှုရရှိရန် အမြန်ဆုံးကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ MPT Exchange ရုံးတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးငြိမ်းသတ်ယာဥ်များဖြင့် ငြိမ်းသတ်ခဲ့သဖြင့် မနက် ၁၀ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

သို့သော် လက်ရှိအချိန်အထိ MPT SIM Card သုံးစွဲသူများအနေဖြင့် လက်ရှိအချိန်အထိ ဖုန်းလိုင်းများ၊ အင်တာနက်လိုင်းများ၊ SMS ပေးပို့ခြင်းဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ပြန်လည်မရရှိသေးကြောင်း သိရသည်။

“အခုထိမရသေးဘူး။ ဘာကြောင့်မရတာလဲ မသိဘူးပေါ့။ အခုမင်းပြောမှ မီးလောင်လို့ မရမှန်းသိတာ။ အင်တာနက်ရော၊ ဖုန်းခေါ်တာရော မရသေးဘူး။ မနက်ထဲက ၁၀ နာရီနဲ့ ၁၁ ကြားလောက်ပေါ့။ အဲဒီအချိန်ထဲက အခုထိပြန်မရသေးတာ” ဟု မော်လမြိုင် သံဖြူဇရပ်မှ MPT သုံးစွဲသူတစ်ဦးက ပြောသည်။

MPT မှ ဝန်ဆောင်မှုပေးလျက်ရှိသော MPT Call Center, ဖိုက်ဘာအင်တာနက်လိုင်းများ၊ မိုဘိုင်းလ် အင်တာနက်များ၊ မိုဘိုင်းလ်နှင့် တယ်လီဖုန်းဆက်သွယ်ရေးများမှာ လက်ရှိတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း MPT က ထုတ်ပြန်ကြေညာထားသည်။

အဆိုပါအခက်အခဲများဖြေရှင်းနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူများအနေဖြင့် မူလအတိုင်းဆက်သွယ်မှု ပြန်လည်ရရှိနိုင်စေရေးအတွက် အမြန်ဆုံး ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း MPT က ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *