October 23, 2024

မြန်မာရေလုပ်သားနှစ်ဦးလိုက်ပါသွားသည့် ပျောက်ဆုံးနေသော ငါးဖမ်းသင်္ဘောကို တွေ့ရစဥ်

၇. ၂. ၂၀၂၃
Written by Nay Aung

ဇန်နဝါရီ ၁၉ ရက်နေ့မှ စတင်ပျောက်ဆုံးနေသော မြန်မာနိုင်ငံသားများ လိုက်ပါသွားသည့် ငါးဖမ်းသင်္ဘောကို ထိုင်းပင်လယ်ပြင်တွင်ရှာဖွေနေသော်လည်း လက်ရှိအချိန်အထိ ရှာတွေ့ခြင်းမရှိကြောင်း ထိုင်း အမှတ် ၃ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ် Arpakorn Yukongkaew က ထုတ်ဖော်ပြောဆိုလိုက်သည်။

အကျယ် ၃ မီတာ၊ အရှည် ၁၀ မီတာရှိသော ထိုင်းပြည်တွင်းငါးဖမ်းသင်္ဘောသည် ပြီးခဲ့သော ဇန်နဝါရီ ၁၉ ရက်နေ့တွင် ငါးဖမ်းရန်အတွက် ထိုင်းနိုင်ငံ ဖူးခက်မြို့အရှေ့တောင်ပိုင်းမှ ပင်လယ်ပြင်တွင်း ထွက်ခွာသွားကြောင်းသိရသည်။

Sor Sakulphet အမည်ရှိ ငါးဖမ်းသင်္ဘောသည် ပင်လယ်ထဲသို့ ထွက်သွားခဲ့ပြီးနောက်ပိုင်းကတည်းက လက်ရှိအချိန်အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေခဲ့ကြောင်း၊ အဆိုပါငါးဖမ်းသင်္ဘောပေါ်တွင် မြန်မာနိုင်ငံသား ၂ ဦးနှင့် ထိုင်းနိုင်ငံသား ၂ ဦးတို့ လိုက်ပါသွားခဲ့ကြောင်း ထိုင်းအခြေစိုက်မီဒီယာများက ဖော်ပြထားသည်။

ပုံမှန်အားဖြင့် အဆိုပါငါးဖမ်းသင်္ဘောသည် ပင်လယ်ထဲသို့ ထွက်သွားခဲ့ပြီးနောက် ၇ ရက်၊ ၈ ရက်အကြာတွင် ကမ်းခြေသို့ ပြန်လာသော်လည်း လက်ရှိအချိန်တွင် ရက်ပေါင်း ၁၉ ရက်ကြာချိန်အထိ ပြန်လာခြင်းမရှိဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

ထိုင်း ရေတပ်ဖွဲ့သည် ပင်လယ်ပြင်အတွင်းရှိ သင်္ဘောများကိုမေးမြန်းစုံစမ်းမှုများ၊ စစ်သင်္ဘောများ၊ ရဟတ်ယာဉ်များဖြင့်လိုက်လံရှာဖွေမှုများ လုပ်ဆောင်နေသော်လည်း တွေ့ရှိခြင်းမရှိသေးကြောင်းသိရသည်။

” ကျွန်တော့်အမြင်တော့ ငါးဖမ်းသင်္ဘောဟာ ပင်လယ်ထဲမှာ အင်ဂျင်ပျက်စီးပြီး လေပြင်းတိုက်ခိုက်မှုနဲ့အတူ အနောက်တောင်ဘက်ကို ရွှေ့လျားသွားဖွယ်ရှိနေတယ်။ ကျွန်တော်တို့ဟာ ငါးဖမ်းသင်္ဘောကိုရှာတွေ့ဖို့ စစ်သင်္ဘာတွေ၊ ရဟတ်ယာဉ်တွေ အသုံးပြုရှာဖွေနေသလို မလေးရှားရေတပ်၊ အင်ဒိုနီးရှားရေတပ်နဲ့ အိန္ဒိယရေတပ်တို့ကိုလည်းအကြောင်းကြား အကူညီတောင်းခံထားတယ်။ စုံစမ်းစစ်ဆေးမှုတွေ၊ ရှာဖွေမှုတွေကို အရှိန်မြင့်လုပ်ဆောင်နေပါတယ်။ မလေးရှား၊ အိန္ဒိယ၊ အင်ဒိုနီးရှားရေပိုင်နက်ထဲ ရောက်ရှိလာရင်လည်း ကူညီပေးထားဖို့ ပြောထားတယ်။ ထိုင်းရေပိုင်နက်အတွင်းက ငါးဖမ်းသင်္ဘောတွေနဲ့ ငါးဖမ်းသမားတွေကိုလည်း Sor Sakulphet ငါးဖမ်းသင်္ဘောတွေ့ရင် အကြောင်းကြားပေးဖို့ သတင်းထုတ်ပြန်ထားတယ်” ဟု ထိုင်း အမှတ် ၃ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်က ဆိုသည်။

ref – thephuketnews

Leave a Reply

Your email address will not be published. Required fields are marked *