October 23, 2024

၇. ၂. ၂၀၂၃

Written by Min Mahar

အောင်စည်တော်စစ်ဆင်ရေးအဖြစ် မဟာအောင်မြေမြို့နယ်လျှပ်စစ်ရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သည်ဟု AST-MDY အဖွဲ့က ထုတ်ပြန်ချက်ကို တွေ့ရှိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၆ ရက် နေ့လည်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၃၅ လမ်းနှင့် ၈၆ လမ်းအနီးရှိ မြို့နယ်လျှပ်စစ်ရုံးရှေ့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂိတ်တဲကို ဆိုင်ကယ်တစ်စီးနှင့် အမျိုးသား ၂ ဦးမှ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

သို့သော် အဆိုပါ လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦထိခိုက်မှုမရှိကြောင်း မြို့နယ်လျှပ်စစ်ရုံးဝန်ထမ်းတစ်ဦးထံမှ သိရသည်။

အောင်စည်တော် စစ်ဆင်ရေး (မန္တလေး)သည် ယခုနှစ် ဇန်နဝါရီလမှစတင်ကာ မြို့ပေါ်ရှိ SAC အဖွဲ့ဝင်များနှင့် ပတ်သတ်ဆက်နွယ်သူများ၊ အစိုးရရုံးများ၊ အများပြည်သူနှင့်သက်ဆိုင်သည့် အဆောက်အဦများကို မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့တချို့နှင့် ပူးပေါင်းပြီး အလစ်အငိုက်အချိန်အခါတွင် ဗုံးခွဲတိုက်ခိုက်မှုများ၊ ရပ်ကျေးများ လက်နက်မဲ့သူများကို ပစ်ခတ်သတ်ဖြတ်မှုများ လုပ်ဆောင်နေသော စစ်ဆင်ရေးတစ်ခုဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *