◾️ အကောင်းဆုံး အယ်လ်ဘမ်ဆုအပါအဝင် ဆုကြီး နှစ်ဆုရရှိခဲ့တဲ့ ဟယ်ရီစတိုင်
၆. ၂. ၂၀၂၃
Written by Pan Ei
၆၅ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲကို အမေရိကန်၊ လော့စ်အိန်ဂျလိစ်မြို့မှာ တနင်္ဂနွေညက ကျင်းပခဲ့ပြီး ဘီယွန်းဆေးဟာ အကောင်းဆုံး R&B သီချင်းဆုအပါအဝင် ဆုလေးဆုရရှိခဲ့ပါတယ်။
အခုနှစ် ဂရမ်မီဆုပေးပွဲရဲ့ ဆန်ကာတင်ဆုစာရင်းမှာ ကိုးနေရာအထိ ရရှိခဲ့တဲ့ ဘီယွန်းဆေးက ဆုလေးဆုအထိ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ဂရမ်မီသမိုင်း တစ်လျှောက် စုစုပေါင်း ၃၂ ဆုရရှိခဲ့ကာ ဆုရအများဆုံး အနုပညာရှင်ဖြစ်လာခဲ့ပါတယ်။
ဂရမ်မီသမိုင်းတစ်လျှောက် ဆုရအများဆုံးဆိုတဲ့ စံချိန်တင်ထားနိုင်ခဲ့သူက ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ဗြိတိန်- ဟန်ဂေရီ ဂန္တဝင်တေးဂီတဖန်တီးရှင် Georg Solti ပါ။ သူဟာ ၁၉၆၃ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အတွင်း ဆု ၃၁ ဆုအထိ ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ ဆုပေါင်း ၃၂ ဆုရလာတဲ့ ဘီယွန်းဆေးက ဒီစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။
ဒါ့အပြင် ၆၅ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲကြီးရဲ့ ကော်ဇော်နီထက်မှာ ရောင်စုံ ခရစ်စတယ်ဝတ်စုံနဲ့ ဖက်ရှင်ပိုင်းမှာ ပရိသတ်တွေကို ဆွဲဆောင်စေနိုင်ခဲ့တဲ့ ဟယ်ရီစတိုင် ဟာ ဆုကြီးဖြစ်တဲ့ တစ်နှစ်တာအတွက် အကောင်းဆုံး အယ်လ်ဘမ်ဆုကို “Harry’s House” နဲ့ ရရှိခဲ့တဲ့အပြင် အကောင်းဆုံးပေါ့ပ်အယ်လ်ဘမ်ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဆုရအများဆုံးအဖြစ် စံချိန်တင်နိုင်ခဲ့တဲ့ ဘီယွန်းဆေးဟာ အကောင်းဆုံး အယ်လ်ဘမ်ဆုကိုတော့ အခုအချိန်အထိ ရယူဆွတ်ခူးနိုင်ခြင်းမရှိသေးပါဘူး။
Ref; Billboard