MT News
Written by Nay Moe
မွန်ပြည်နယ်အခြေစိုက် PDF နှစ်ဖွဲ့ဖြစ်သော ရေးဘီးလူးနှင့် MSRO (မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း) ပူးပေါင်းပြီး ရေးမြို့နယ် ကျုံလောင်းရွာဟောင်းနေသူတစ်ဦးကို ဒလန်ဟုဆိုကာ ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်သဖြင့် ပစ်ခတ်ခံရသူကိုဝင်းထွန်း နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးပြီး ကိုဝင်းထွန်း၏မိခင်နှင့် သူငယ်ချင်းတို့ သေနတ်ထိမှန်ဒဏ်ရာရခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၄ ရက် နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းကျေးရွာ အရှေ့ဘက် ၆ မိုင်ခန့်အကွာတွင် ဒေါ်သန်းရီ(၆၅)နှစ်မှာ နေအိမ်၌ရှိနေစဉ်၊ ရေးဘီလူးနှင့် MSRO အဖွဲ့မှ အမည်မသိ လူငယ် ၄ ဦးက ဆိုင်ကယ် ၂ စီးရောက်ရှိလာပြီး ဒေါ်သန်းရီအား ၎င်း၏သားဖြစ်သူ ရာဘာထင်းတုံး အတင်အချလုပ်ကိုင်သည့် ”ကိုဝင်းထွန်းရှိလား မီးသွေးကိစ္စပြောချင်လို့” ဟုဆိုသဖြင့် ကိုဝင်းထွန်းမှာ နေအိမ်တွင်မရှိ၍ ကိုဝင်းထွန်း၏ အစ်ကိုတော်စပ်သူ ကိုလှမင်းက သွားရောက်ခေါ်ဆောင်ခဲ့ပြီး ခဏအကြာ ကိုလှမင်းနှင့်အတူ ကိုဝင်းထွန်းတို့ပြန်လည်ရောက်ရှိလာသဖြင့် ၎င်းတို့နေအိမ်ဝန်းအတွင်း အမည်မသိလူ ၄ ဦးနှင့် ၁၀ မိနစ်ခန့် စကား ပြောခဲ့ပြီး အဆိုပါ ၄ ဦးမှာ ပြန်ထွက်သွားခဲ့ကြောင်း သိရသည်။
၎င်းတို့ပြန်ထွက်သွားပြီး ၅ မိနစ်ခန့် အကြာ အဆိုပါ ၄ ဦးနှင့်အတူ အမည်မသိလူ ၂ ဦး စုစုပေါင်း ၆ ဦးတို့မှာ ဆိုင်ကယ် ၃ စီးဖြင့် သေနတ်အရှည် ၆လက်၊ အတို ၁လက်ဖြင့်ရောက်ရှိလာကာ ဆိုင်ကယ်များအား နေအိမ်ခြံ အပြင်ဘက် ရပ်ထားခဲ့ပြီး၊ ခြံဝန်းအတွင်း ၎င်းတို့ ၆ ဦးဝင်လာ၍ ကိုဝင်းထွန်းအား သေနတ်ဖြင့် ဝိုင်းပစ်ခဲ့ရာ ကိုဝင်းထွန်းမှာ အခင်းဖြစ်နေရာတွင် ဒဏ်ရာ(စိစစ်ဆဲ)ဖြင့်သေဆုံးခဲ့သည်။
ထို့အပြင် အနီးတွင် ထိုင်နေသော ကိုဝင်းထွန်း၏ မိခင်ဖြစ်သူ ဒေါ်သန်းရီမှာ ယာဘက်ဒူးခေါင်းကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ အတူနေသူငယ်ချင်း ကိုနေလင်းထူးမှာ ဝဲပေါင်ကျည်ဖောက်ဝင်(၁)ချက်၊ ယာတင်ပါးကျည်ဖောက်ဝင်ဒဏ်ရာ(၁) ချက်တို့ရရှိခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဥ်တွင် ပစ်ခတ်သူ ၆ ဦးမှာ ရေးဘီလူးနှင့် MSRO အဖွဲ့မှဖြစ်ပြီး ကိုဝင်းထွန်းအား အလုပ်ကိစ္စအကြောင်းပြုကာ ဟန်ဆောင်တွေ့ဆုံပြီးမှ သတ်ဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။
နွေဦးတော်လှန်ရေးစတင်သည့် အချိန်မှစ၍ သံဃာများ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ရပ်ကျေးများ၊ တခြားပါတီဝင်များနှင့် ကလေးသူငယ်အချိန်မှာ NUG နှင့် PDF များ၏ ဒလန်ဟုစွပ်စွဲသတ်ဖြတ်မှုကြောင့် ၂၀၂၃ ဇန်နဝါရီ ၂၅ ရက်အထိ ၅၄၄၃ ဦး သတ်ဖြတ်ခံထားရသည်။