၄. ၂. ၂၀၂၃
တင်ဆက်/တည်းဖြတ် ပန်းအိ၊ ဟေမာ
၂၀၂၃ ခုနှစ်အတွက် ပထမဆုံး Marvel ရုပ်ရှင်ဖြစ်တဲ့အပြင် ဒီနှစ်အတွင်း ပရိသတ်တွေ အစောင့်မျှော်ဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်တဲ့ Ant-Man and the Wasp: Quantumania ကို ဒီလထဲမှာ ရုံတင်ပြသတော့မှာပါ။
ဒါရိုက်တာ Peyton Reed ဖန်တီးရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ Ant Man အဖြစ် Paul Rudd၊ Wasp အဖြစ် Evangeline Lilly၊ Kang အဖြစ် Jonathan Majors တို့က အဓိကဇာတ်ဆောင်တွေအနေနဲ့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ သုံးကားမြောက် Ant Man ရှင်ရှင်ဖြစ်တဲ့ ဒီဇာတ်ကားကို ၂၀၂၂ ခုနှစ်က ရုံတင်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ၂၀၂၃ ခုနှစ်မှပဲ ပြသဖြစ်ခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ်ကတည်းက Marvel ရုပ်ရှင်တွေကို ရုံတင်ခွင့်ပိတ်ပင်ခဲ့တဲ့ တရုတ်နိုင်ငံမှာလည်း ပြန်လည်ပြသနိုင်တော့မှာပါ။
ဒီဇာတ်ကားထဲမှာ Ant Man ဇာတ်ကောင် Scott Lang နဲ့ Hope တို့အပြင် Hope ရဲ့ မိဘတွေ၊ Ant Man ရဲ့ ၁၈ နှစ်အရွယ်သမီး Cassie တို့ဟာ Qutantum Realm ကိုရောက်ရှိသွားပြီး Kang နဲ့ ရင်ဆိုင်ရပုံတွေကို တွေ့မြင်ရမှာဖြစ်ကာ Ant Man ရုပ်ရှင်တွေနဲ့ Avenger: Endgame ဇာတ်ကားတွေကို အခြေခံပြီး ရိုက်ကူးဖန်တီးထားတာပါ။
ပရိတ်သတ်အားပေးမှုတွေနဲ့အတူ ရုံတင်ငွေမှာပါ အောင်မြင်မှုတွေ ရရှိနိုင်ဖို့ Marvel စတူဒီယိုရဲ့ ကြီးမားတဲ့ အားစိုက်မှုတွေ ထည့်ထားတဲ့အပြင် Marvel ရုပ်ရှင်လောကအနာဂတ်အတွက် အကြောင်းအရာများစွာကို ယူဆောင်လာပေးနိုင်မယ့် Ant-Man and the Wasp: Quantumania ကို လာမယ့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်လို့ MT News ပရိသတ်တွေ ကြည့်ရှုနိုင်ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။