၄. ၂. ၂၀၂၃
Written by Pan Ei
အမေရိကန်၊ အိုဟိုင်းယိုးပြည်နယ်က အသက် ၂၃ နှစ်အရွယ် ချီဟိုဟွာစပ်ခွေးအမျိုးအစားဖြစ်တဲ့ Spike ကို အသက်အကြီးဆုံးခွေးအဖြစ် သတ်မှတ်ခံခဲ့ရပြီး နှစ်ပတ်အကြာမှာပဲ အသက် ၃၀ နဲ့ ၂၆၈ ရက်ရှိပြီဖြစ်တဲ့ ပေါ်တူဂီနိုင်ငံက Bobi ကို ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိခွေးဖြစ်တဲ့အပြင် သမိုင်းတစ်လျှောက် အသက်အကြီးဆုံးခွေးအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့ (GWR) က သတ်မှတ်ခဲ့ကြပါတယ်။
တိရစ္ဆာန်မွေးမြူစောင့်ရှောက်ရေး ခွေးမျိုးစိတ်တွေရဲ့ပုံမှန်သက်တမ်းက ၁၂ နှစ်ကနေ ၁၄ နှစ်အထိဖြစ်ပြီး ပေါ်တူဂီ မျိုးသန့်မျိုးရိုးဖြစ်တဲ့ Bobi ကတော့ ပုံမှန်ခွေးတွေထက် သက်တမ်းနှစ်ဆအထိ အသက်ရှင်နေထိုင်နေဆဲ ဖြစ်တယ်လို့ GWR က ထုတ်ပြန်ခဲ့ပါတယ်။
Bobi ရဲ့ အသက်ကို စစ်မှုထမ်းဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းနဲ့ ပေါ်တူဂီအစိုးရက ခွင့်ပြုထားတဲ့ အိမ်မွေးတိရစ္ဆာန်ဒေတာအချက်အလက် စုဆောင်းရေး ဌာနတစ်ခုဖြစ်တဲ့ SIAC က အတည်ပြုခဲ့တာဖြစ်ပါတယ်။
၁၉၃၉ ခုနှစ်က အသက်၂၉ နှစ်နဲ့ ၅ရက် အကြာမှာ သေဆုံးခဲ့တဲ့ ဩစတြေးလျနိုင်ငံက အသက်ရှည်ဆုံးခွေးလေးဖြစ်ခဲ့တဲ့ Bluey ရဲ့ ရာစုနှစ်တစ်ခုနီးပါးရှိခဲ့တဲ့ ဂင်းနစ်စံချိန်ကိုပါ ခွေးလေး Bobi က ချိုးဖျက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
Bobi ကို ၁၉၉၂ ခုနှစ် မေလ ၁၁ ရက်နေ့မှာ မွေးဖွားခဲ့ပြီး အခြားတိရစ္ဆာန်တွေနဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်စွာနဲ့ ကြီးပြင်းလာခဲ့ကာ အခုအခါမှာတော့ အသက်အရွယ်ကြီးပြင်းမှုကြောင့် လမ်းလျှောက်ဖို့ ခက်ခဲပြီး မျက်စိမှုန်လာလို့ တစ်ခါတရံ အရာဝတ္ထုတွေနဲ့လည်း တိုက်မိတတ်တယ်လို Bobi ရဲ့ ပိုင်ရှင် Costa က ပြောခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ Bobi နဲ့အတူ နှစ်ပေါင်း ၃၀ ကျော် ကြာပြီးတဲ့အထိ နေထိုင်ခွင့်ပေးတဲ့အတွက် အလွန်ပျော်ရွှင်ပြီးကျေးဇူးတင်ပါတယ်” လို့ Costa က ဆက်လက်ပြောကြားခဲ့ပါတယ်။
Ref; CNN