၃. ၂. ၂၀၂၃
Written By Thandar
New International Model Beauty Pageant Organization က တာဝန်ယူကျင်းပမယ့် ချစ်သူများနေ့ အထိမ်းအမှတ် LGBT Crown Myanmar 2023 & King of Gay Myanmar 2023 ပွဲအတွက် စာနယ်ဇင်းမိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗိုလ်တစ်ထောင်ကမ်းနားရှိ The Love Boat မှာ ကျင်းပခဲ့ပါတယ်။
LGBT အတွက်ရည်ရွယ်ပြီး ပထမဦးဆုံးအကြိမ် Valentine Day ရေပေါပြိုင်ပွဲကို လျှောက်လွှာအခမဲ့နဲ့ ယနေ့ ဖေဖော်ဝါရီ ၃ ရက်မှာ စတင်ဖိတ်ခေါ်နေတယ်လို့ Main Sponsor The Love Boat က မနှင်းက MT News Entertainment ကို ပြောပါတယ်။
“ဒီပြိုင်ပွဲကတော့ Transgender, Gay တွေကို ပိုနေရာပေးထားတဲ့ ပွဲလေးပါ။ အချစ်ဆိုတာကို ဖော်ညွှန်းပေးချင်တဲ့ ပြိုင်ပွဲကို ပထမဆုံးအကြိမ် ရေပေါ်ရှိုးလည်းဖြစ်ပါတယ်။ တိုင်းနဲ့ပြည်နယ်က LGBT ရွက်ပုန်းသီး ကလေးတွေအတွက် အခွင့်ရစေမယ့် ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ဒီပြိုင်ပွဲကိုတော့ ချစ်သူများနေ့မှာ ကျင်းပမဲ့ LGBT အတွက် ပွဲလေးပါ။ အကြည်ကတော့ ဒိုင်တစ်ဦး အဖြစ်ပါဝင် အကဲဖြတ်အမှတ်ပေးသွားမှာပါ။ တကယ်စစ်မှန်တဲ့ ပွဲမို့လို့ လျှောက်လွှာ Free ထုတ်ယူပါ။ ဘာအခကြေးငွေမှ မကောက်ပါဘူး။ တိုင်းနဲ့ပြည်နယ်က ရွက်ပုန်းသီးလေးတွေ ပါဝင်ယှဥ်ပြိုင်လိုက်ပါ”လို့ ဒိုင်အနေနဲ့ဆောင်ရွက်မယ့် Facebook Cele အကြည်က ပြောပါတယ်။
အဆိုပါ ပြည်နဲ့တိုင်းအသီးသီးက ရွက်ပုန်းသီးဖော်ထုတ်ပေးမယ့် LGBT ပြိုင်ပွဲမှာတော့ Final နေ့မှာလည်း Judge အဖြစ် အကယ်ဒမီဆုရှင်တွေ၊ နိုင်ငံကိုယ်စားပြု အလှမယ်တွေ သရုပ်ဆောင်တွေဖြစ်တဲ့ နေဒွေး၊ Facebook Cele အန်တီကြည်၊ New International Model Beauty Pageant Org CEO ကိုပိုင်သူထူး၊ မိတ်ကပ်ပညာရှင် ချန်လုံး၊ မိတ်ကပ်ပညာရှင် အန်တီမင်းစတဲ့ အတတ်ပညာရှင်တွေနဲ့ အကဲဖြတ်မယ်လို့ သိရပါတယ်။
လျှောက်လွှာတွေကို အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင်မိတ္တူ၊ ဓာတ်ပုံ ၃ ပုံနဲ့ အရပ်က ၅ ပေ ၃ လက်မ အထက်ရှိသူ LGBT မည်သူမဆို The Love Boat Page နဲ့ 09773399500 Viber ကနေ ဖေဖော်ဝါရီ ၈ ရက်နောက်ဆုံးထား လျှောက်လွှာပို့ဆောင်ပေးရမှာ ဖြစ်ပါတယ်။
LGBT ပြိုင်ပွဲကိုအတွက် ဖောင်ကြေး သင်တန်းကြေး ကောက်ခံခြင်း လုံးဝမရှိတဲ့အပြင် LGBT Crown Myanmar 2023 & King of Gay Myanmar 2023 Grand Winners ဆုကြီးအတွက် ရွှေအစစ်နဲ့ ပြုလုပ်ထားတဲ့ ရွှေဆွဲပြားအပြင် First Runner up , Second Runner up , Third Runner up ဆုတွေအတွက်လည်း ငွေသားဆုကြေးတွေ ထည့်သွင်း ချီးမြှင့်ပေးမယ်လို့ သိရပါတယ်။