၃.၂.၂၀၂၃.
translated by Htwe Ko Tun
အမေရိကန်ကာကွယ်ရေးတာဝန်ရှိသူများက အမေရိကန်ပြည်ထောင်စုအပေါ်တွင် တရုတ်နိုင်ငံက အမြင့်မှပျံသန်းထောက် လှမ်းနေသည်ဟု သံသယရှိရသော ထောက်လှမ်းရေးမိုးပျံပူဖေါင်း ဘောလုံးတစ်လုံးကို ခြေရာခံလိုက်နေကြောင်း ဖေဖော်ဝါရီ ၂ ရက်က ပြောကြားခဲ့ကြသည်။
အဆိုပါထောက်လှမ်းရေးမိုးပျံပူဖေါင်းကို တွေ့ရှိခဲ့မှုက တရုတ်နှင့် အမေရိကန်အကြား ဆက်ဆံရေးများကို ပိုမိုတင်းမာစေလိမ့်မည်ဟုလည်း ၎င်းတို့က ပြောခဲ့ကြသည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ပက်ထရစ်ရိုက်ဒါက အဆိုပါမိုးပျံပူဖောင်းသည် အမေရိကန်နိုင်ငံမြောက်ပိုင်းသို့ ပျံသန်းသွားခဲ့ပြီးနောက် အမေရိကန်အစိုးရက ရက်အတန်ကြာ နောက်ယောင်ခံလိုက်လျက်ရှိကြောင်း၊ ၎င်းက ခရီးသည်တင်လေယာဉ်များပျံသန်းသွားလာသည့် အမြင့်ခန့်ကပင် ပျံသန်းလျက်ရှိပြီး မြေပြင်ရှိ ပြည်သူများကိုမူ စစ်ဖက် (သို့မဟုတ်) အခြားသောတစ်စုံတစ်ရာ ခြိမ်းခြောက်မှုများ မပြုလုပ်ခဲ့ကြောင်း ပြောခဲ့သည်။
ထိုဘောလုံးက မြေပြင်ပေါ်သို့ကျလာလျှင် အပိုင်းအစများက မြေပြင်ရှိလူများ၏ လုံခြုံရေးကို ခြိမ်းခြောက်အန္တရာယ်ပြု ဖွယ်ရှိသောကြောင့် အမေရိကန်စစ်ဖက်အဆင့်မြင့်အရာရှိကြီးများက သမ္မတဂျိုးဘိုင်ဒင်ကို ၎င်းဘောလုံးအား ပစ်ချခြင်းမပြုရန် အကြံပေးခဲ့ကြသည်ဟု ဆိုသည်။ အမေရိကန်စစ်ဖက်အဆင့်မြင့်အရာရှိကြီးများက ထိုမိုးပျံပူဖောင်းသည် တရုတ်နိုင်ငံ၏ ထောက်လှမ်းရေးပူဖောင်းဖြစ်သည်ဟုလည်း အခိုင်အမာယုံကြည်ကြောင်း၊ ဤမိုးပျံပူဖောင်း၏ လှုပ်ရှားမှုများကို ဂျိုးဘိုင်ဒင်အစိုးရ မတိုင်မီကပင် တွေ့ခဲ့ကြကြောင်း ပြောခဲ့ကြသည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက လက်ရှိတွင် အဆိုပါမိုးပျံပူဖောင်းက အရေးကြီးသောနေရာအချို့အပေါ်မှပျံသန်းလာခဲ့သော်လည်း သိသာထင်ရှားသည့် ထောက်လှမ်းရေးအချက်အလက် စုဆောင်းမှုဆောင်ရွက်ခြင်းတစ်စုံတစ်ရာကိုမျှ မတွေ့သေးကြောင်း ပြောခဲ့သည်။
Ref-CNN