Photo News
MT News
Written by Ye Kyaw
မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းရဲ့ ညီအရင်းဖြစ်တဲ့ ဦးသက်နိုင်ဦးဟာ တာမွေအဝိုင်းထိပ်မှတ်တိုင်အနီးမှာ ဇန်နဝါရီ ၃၁ ရက် ည ၇ နာရီခန့်က ဓားထိုးခံရလို့ ကွယ်လွန်ခဲ့ပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့ ၃ နာရီမှာတော့ သူ့ရဲ့နောက်ဆုံးခရီးကို ရေဝေးမှာ ပြုလုပ်ခဲ့ပါတယ်။
ဇန်နဝါရီ ၃၁ ရက် ည ၇ နာရီခန့်က ဗဟန်းမြို့နယ်၊ တာမွေအိုးရှင်းအနီး၊ အောင်ချမ်းသာအိမ်ရာရှေ့၊ တာမွေအဝိုင်းထိပ်မှတ်တိုင်မှာ ဒေါက်တာရန်မျိုးသိမ်းရဲ့ ညီအရင်းဖြစ်သူ ရန်ကင်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၅၂ နှစ်အရွယ် ဦးသက်နိုင်ဦးဟာ ဓားထိုးခံခဲ့ရတာကြောင့် ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ချိန် ကွယ်လွန်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိတော့ တရားခံဖမ်းမမိသေးပါဘူး။