၂. ၂. ၂၀၂၃
Written by Pan Ei
အီရန်နိုင်ငံ မြို့တော်တီဟီရန်ရဲ့ ရင်ပြင်တစ်ခုမှာ စုံတွဲတစ်တွဲ ကခုန်နေတဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာပြီးနောက်မှာ အဆိုပါစုံတွဲနှစ်ဦးလုံးဟာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံလိုက်ရပါတယ်။
အသက် ၂၁ နှစ်အရွယ် အက်စတီယာဇ် ဟက်ဂီဂီဟာ ရင်ပြင်မှာ သူမနဲ့စေ့စပ်ထားတဲ့ အသက် ၂၂ နှစ်အရွယ် အမာ မိုဟာမက် အာမက်ဒီ နဲ့အတူ ခေါင်းစည်းမပါဘဲ ကခုန်နေတဲ့ ဗီဒီယိုဖိုင်ကို အင်တာနက်မှာ တင်ခဲ့ပါတယ်။
သူတို့စုံတွဲကို “အကျင့်ပျက်ချစားမှု၊ ပြည့်တန်ဆာဝါဒနဲ့ ဒုစရိုက်မှုပျံ့နှံ့စေခြင်း”၊ “နိုင်ငံတော်လုံခြုံရေးကို နှောင့်ယှက်ရန် ရည်ရွယ်ချက်ဖြင့် စုဝေးမှုနှင့် ပူးပေါင်းကြံစည်မှု” စတဲ့ပုဒ်မတွေနဲ့ စွဲချက်တင်ခံခဲ့ရပြီး ထောင်ဒဏ် ၁၀ နှစ်ခွဲစီ ကျခံစေခဲ့တယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ သတင်းအေဂျင်စီ (HRANA) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဟက်ဂီဂီ နှင့် အာမက်ဒီ တို့ဟာ တစ်ဦးစီရဲ့ အင်စတာဂရမ်အကောင့်မှာ ဖော်လိုဝါ တစ်သန်းနီးပါးစီရှိပြီး ဖော်လိုဝါ တစ်သန်းခွဲကျော်ရှိတဲ့ YouTube ချန်နယ်တွေရှိကြပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ အသက် ၁၇ နှစ်အရွယ် ဇနီးကို သတ်ခဲ့တဲ့ Heydari ဆိုသူဟာ ထောင်ဒဏ် ရှစ်နှစ်နဲ့ နှစ်လသာ ချမှတ်ခံခဲ့ရတာကြောင့် သူတို့ရဲ့ နှစ်ရှည်ထောင်ဒဏ်တွေကို ဝေဖန်သူတွေလည်း ရှိနေပါတယ်။
Ref; CNN