၅. ၁၀. ၂၀၂၂
Written by Tha Doe
ရန်ကုန်စတော့အိတ်ချိန်း၏ ဩဂုတ်လအရောင်းအဝယ်ဖြစ်မှု ကျပ် သိန်း ၃၇၀၀ ကျော်သာရှိသော်လည်း စက်တင်ဘာလအတွင်း ကျပ် ၁ ဒသမ ၆ ဘီလျံကျော်ဖိုး အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သည်ဟု ရန်ကုန်စတော့အိတ်ချိန်းက စက်တင်ဘာ ၅ ရက်တွင် ထုတ်ပြန်သည့် လအလိုက်အရောင်းအဝယ်ဖြစ်မှုစာရင်းချုပ်အရ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လတွင် FMI ရှယ်ယာမှာ အနိမ့်ဆုံး ကျပ် ၆၉၀၀ အမြင့်ဆုံး ကျပ် ၇၃၀၀ ဖြင့် ၉၂၃၇ စုသာ အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း စက်တင်ဘာလတွင်မူ အနိမ့်ဆုံး ကျပ် ၇၂၀၀၊ အမြင့်ဆုံး ကျပ် ၁၁၀၀၀ ဖြင့် အစုပေါင်း ၅၀၈၈၈ စု အရောင်းအဝယ် ဖြစ်ခဲ့သည်။
ထို့အတူ MTSH ရှယ်ယာမှာ ဩဂုတ်လတွင် အနိမ့်ဆုံး ကျပ် ၂၄၀၀ အမြင့်ဆုံး ကျပ် ၂၅၅၀ ဖြင့် ၈၇၇၆၁ စုသာ အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း စက်တင်ဘာလတွင်မူ အနိမ့်ဆုံး ကျပ် ၂၅၀၀၊ အမြင့်ဆုံး ကျပ် ၄၀၀၀ ဖြင့် အစုပေါင်း ၂၂၉၈၁၄ စု အရောင်းအဝယ် ဖြစ်ခဲ့သည်။
ကျန်ရှယ်ယာများဖြစ်သည့် MCB ရှယ်ယာမှာ ဩဂုတ်လတွင် အနိမ့်ဆုံး ကျပ် ၆၈၀၀ အမြင့်ဆုံး ကျပ် ၇၁၀၀ ဖြင့် ၁၈၈၄ စုသာ အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း စက်တင်ဘာလတွင်မူ အနိမ့်ဆုံး ကျပ် ၇၁၀၀၊ အမြင့်ဆုံး ကျပ် ၈၀၀၀ ဖြင့် အစုပေါင်း ၂၃၄၅ စု အရောင်းအဝယ် ဖြစ်ခဲ့သည်။ FPBရှယ်ယာမှာလည်း ဩဂုတ်လတွင် အနိမ့်ဆုံး ကျပ် ၁၅၅၀၀ အမြင့်ဆုံး ကျပ် ၁၈၀၀၀ ဖြင့် ၃၃၆၉ စုသာ အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း စက်တင်ဘာလတွင်မူ အနိမ့်ဆုံး ကျပ် ၁၈၅၀၀၊ အမြင့်ဆုံး ကျပ် ၂၄၀၀၀ ဖြင့် အစုပေါင်း ၇၉၅၆ စု အရောင်းအဝယ် ဖြစ်ခဲ့သည်။ TMH ရှယ်ယာတွင်လည်း ဩဂုတ်လတွင် အနိမ့်ဆုံး ကျပ် ၂၂၀၀ အမြင့်ဆုံး ကျပ် ၂၅၀၀ ဖြင့် ၅၃၂၇ စုသာ အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း စက်တင်ဘာလတွင်မူ အနိမ့်ဆုံး ကျပ် ၂၃၅၀၊ အမြင့်ဆုံး ကျပ် ၂၈၅၀ ဖြင့် အစုပေါင်း ၃၅၁၅၈ စု အရောင်းအဝယ် ဖြစ်ခဲ့သည်။
အလားတူ EFR ရှယ်ယာတွင်လည်း ဩဂုတ်လတွင် အနိမ့်ဆုံး ကျပ် ၂၃၀၀ အမြင့်ဆုံး ကျပ် ၂၅၀၀ ဖြင့် ၁၂၁၂ စုသာ အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း စက်တင်ဘာလတွင်မူ အနိမ့်ဆုံး ကျပ် ၂၄၀၀၊ အမြင့်ဆုံး ကျပ် ၂၉၀၀ ဖြင့် အစုပေါင်း ၈၇၀၉ စု အရောင်းအဝယ် ဖြစ်ခဲ့သည်။ ထိုနည်းတူ AMATA ရှယ်ယာသည်လည်း ဩဂုတ်လတွင် အနိမ့်ဆုံး ကျပ် ၃၉၀၀ အမြင့်ဆုံး ကျပ် ၅၀၀၀ ဖြင့် ၁၀၁၉ စုသာ အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း စက်တင်ဘာလတွင်မူ အနိမ့်ဆုံး ကျပ် ၄၉၀၀၊ အမြင့်ဆုံး ကျပ် ၅၅၀၀ ဖြင့် အစုပေါင်း ၁၂၇၂၇ စု အရောင်းအဝယ် ဖြစ်ခဲ့သည်ဟု သိရသည်။