၂၇. ၁. ၂၀၂၃
Written By Thandar
သရုပ်ဆောင်ပိုင်းကို တစိုက်မတ်မတ်လုပ်ဆောင်လာတဲ့ ဘုန်းသီရိကျော်ကတော့ အကယ်၍သာ ပထမဆုံးချစ်သူနဲ့အသည်းတွေမကွဲခဲ့ဘူးဆိုရင် မင်းသမီးတောင်လုပ်ဖြစ်မယ် မထင်ဘူးလို့ ဆိုခဲ့ပါတယ်။
“Jenney ရဲ့ ချစ်သူဖြစ်သူကို တစ်ယောက်နဲ့တစ်ယောက် သာသာယာယာ အပြန်အလှန် နားလည်မှုပေးမယ်။ သူကလည်း ကြိုးစား၊ ကိုယ်လည်းကြိုးစားပြီးတော့ ကိုယ်အိပ်မက်တွေ အကောင်အထည်ပေါ်လာအောင် ကိုယ်ကလည်း Support လုပ်၊သူကလည်း Support လုပ်မယ့်သူမျိုးဖြစ်စေချင်တာပေါ့။ အေးချမ်းတဲ့ Relationship တစ်ခုကိုပဲ တည်ဆောက်ချင်တယ်၊ ပုံစံကတော့ ရင့်ကျက်တယ်၊ တည်ငြိမ်တယ်၊ ကိုယ်မှားတာရှိရင် ဘေးနားကနေ Gide လုပ်ပေးမယ့်သူပေါ့”လို့ သရုပ်ဆောင် ဘုန်းသီရိကျော်က ပြောပါတယ်။
သူမက ပထမချစ်သူနဲ့ ပြတ်သွားပြီနောက်မှာ သုံးနှစ်ကျော်အထိ ပြန်လည်တည်ငြိမ်လာဖို့ အချိန်ကြာခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ အနုပညာအလုပ်တွေလုပ်ရင်း ရပ်တည်နိုင်တာလဲ ချစ်သူဖြစ်သူကြောင့် အများကြီးပါတယ်လို့ ဆိုပြန်ပါတယ်။ ယခု ၂၀၂၃ ခုနှစ်ထဲမှာ ဇာတ်လမ်းတွဲလေးတွေ ရိုက်ကူးသွားဖို့ရှိတယ်လို့ သိရပါတယ်။
“Jenney အနုပညာအလုပ်တွေ လက်ရှိလုပ်နေနိုင်တာက သူ့ကြောင့်အများကြီးပါတယ်လို့ ဆိုရမှာပါပဲ။ အကယ်၍ အသည်းတွေမကွဲခဲ့ဘူးဆိုရင် မင်းသမီးတောင် လုပ်ဖြစ်မယ်မထင်ဘူး။ ဒီလိုပြတ်မသွားဘူးဆိုရင်လေ။ ဒီတိုင်းလေးပဲ ဘဝကိုဖြတ် သန်းဖြစ်မယ်ထင်တယ်။ ပြတ်သွားလို့ ဒီအနုပညာလမ်းကြောင်းပေါ် ရောက်လာတာပါ။ အားလုံးက ဖြစ်ချိန်တန်လို့ ဖြစ်တယ်လို့ မှတ်ယူပါတယ်။ သူက ထားသွားခဲ့လို့ အသည်းတွေ ကွဲခဲ့တာပါ၊ ခုချိန်မှာ ပြန်စဉ်းစားရင် ဟာသတစ်ခုလိုပါပဲ”လို့ သူမက ဆက်ပြောခဲ့ပါတယ်။