October 23, 2024

MT News

၂၆. ၁. ၂၀၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်တွင် ကျပ် ၄ ဒသမ ၁၃ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းမိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၂ ရက် ညနေ ၃ နာရီခွဲအချိန် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်း(တောင်ပေါ်)ကျေးရွာအုပ်စု၊ ပူနားကိုကျေးရွာအနီးရှိ ရာဘာခြံကို သတင်းအရရှာဖွေရာ ခြံအတွင်းရှိ တစ်ထပ်တိုက်အတွင်း၌ ကျဘို၊ ကျရှောတို့ ၂ ဦးအား ဒေသကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၁၃ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၅ သန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁၉၂ ကီလို၊ ပစ္စတို ၁ လက်၊ HK 33 သေနတ် ၁ လက်၊ M-16 သေနတ် ၁ လက်၊ K-12 သေနတ် ၁ လက်၊ တစ်လုံးထိုးသေနတ် ၁ လက်၊ ကျည်မျိုးစုံ ၁၆၅၀ တောင့်နှင့် လက်ပစ်ဗုံး ၇ လုံးတို့ဖြင့် သိမ်းဆည်းရမိခဲ့သည်။

လက်ရှိတွင် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *