October 23, 2024

အသေပစ်ခတ်ဖမ်းဆီးမိသူနှင့် ယင်းပါလာသောလက်လုပ်မိုင်းများ တွေ့ရစဥ်

MT News

Written by Min Mahar

ဇန်နဝါရီ ၂၅ ရက် နေ့လည်ပိုင်းက အမရပူရမြို့နယ်တွင် လူဦးရေစာရင်းကောက်ယူနေသည့်အဖွဲ့အား ဖောက်ခွဲရေးပြုလုပ်ရန်လာရောက်သောအမျိုးသားတစ်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၅ ရက် မွန်းလွှဲ ၁၂ နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ချင်းရွာနှင့်မြစ်တူးကျေးရွာတွင် လူဦးရေစစ်တမ်းကောက်ယူနေသည့် အုပ်ချုပ်ရေးအဖွဲ့ကို ဖောက်ခွဲရေးပစ္စည်းများဖြင့် လုပ်ကြံဖောက်ခွဲရန်အတွက်လာသော အမျိုးသားတစ်ဦးကို ၎င်းကျေးရွာနှစ်ရွာအစပ်ရှိ လယ်ကွင်းပြင်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက တွေ့ရှိပြီး စစ်ဆေးမေးမြန်းရန်ခေါ်ယူရာ အစစ်ဆေးမခံဘဲ လက်တွင်ပါလာသောအထုပ်အား ပစ်ချ၍ ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးကြစဉ် ပြန်လည်ခုခံတိုက်ခိုက်သောကြောင့် အသေပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

အဆိုပါအမျိုးသားသည် ညာဘက်ရင်အုံကို သေနတ်ကျည်ဖောက်ဝင်သွားသည့် ဒဏ်ရာ ၁ ချက်ဖြင့် နေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့၍ ၎င်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေဖမ်းဆီးရမိခဲ့ပြီးနောက် ၎င်းနှင့်အတူပါလာသော အထုပ်အားစစ်ဆေးခဲ့ကြရာ ကွန်ကျူးပိုက်ဖြင့်ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်မိုင်းအကြီး ၅ လုံးအား သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *