၂၆. ၁. ၂၀၂၃
Written by Pan Ei
အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းယိုးပြည်နယ်က ချီဟိုဟွာစပ်ခွေး အမျိုးအစားဖြစ်တဲ့ Spike လို့ အမည်ပေးထားတဲ့ အသက်၂၃ နှစ်အရွယ် ခွေးလေးတစ်ကောင်ကို ဂင်းနစ်ကမ္ဘာ့စံချိန်တင်အဖွဲ့ (GWR) က သက်သေအထောက်အထားတွေနဲ့အတူ ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိခွေးအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
၁၉၉၉ ခုနှစ် နိုဝင်ဘာလမှာ Spike ကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ လက်ရှိပိုင်ရှင် ရီတာကင်ဘဲလ်ဟာ၂၀၀၉ ခုနှစ်က ကုန်စုံဆိုင်ရဲ့ ကားပါကင်မှာ စွန့်ပစ်ခံထားရတဲ့ ၁၀ နှစ်အရွယ် Spike ကို ၁၃ နှစ်ကျော် မွေးမြူစောင့်ရှောက်ခဲ့တာဖြစ်ပြီး စံချိန်ချိုးနိုင်တဲ့ ခွေးလေးတစ်ကောင် ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဖူးဘူးလို့ ဆိုပါတယ်။
ဂင်းနစ်ကမ္ဘာ့စံချိန်တင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ အလေးချိန် ၁၂ ဒသမ ၉ ပေါင်လောက်ပဲရှိတဲ့ Spike က အခြားတိရိစ္ဆာန်တွေရဲ့ တိုက်ခိုက်မှုများစွာကို ကြုံတွေ့ခဲ့ရပေမယ့် လွတ်မြောက်ခဲ့ပြီး အကြိမ်တိုင်းမှာ ပိုမိုသန်မာလာခဲ့တယ်လို့ ဆိုပါတယ်။
အခုအချိန်မှာ Spike ဟာ သူတို့ရဲ့ မိသားစုထဲမှာ ကျော်ကြားသူလေးတစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး အသက်အရွယ်ကြီးမြင့်မှုကြောင့် မျက်စိကွယ်လုနီးပါးဖြစ်နေသလို အကြားအာရုံသိပ်မကောင်းတော့ပေမဲ့ ခြံထဲမှာရှိတဲ့ တခြားတိရစ္ဆာန်တွေဆီ သွားလည်ရတာ နှစ်သက်တယ်လို့လည်း သိရပါတယ်။
ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းတွေအရ အသက်အရှည်ဆုံးခွေးဟာ ဩစတြေးလျနိုင်ငံက Bluey လို့ခေါ်တဲ့ ခွေးတစ်ကောင်ဖြစ်ပြီး ၁၉၃၉ ခုနှစ်မှာ အသက် ၂၉ နှစ်နဲ့ ၅ရက် အရွယ်မှာ သေဆုံးသွားခဲ့ပါတယ်။
Ref; WION