၂၆. ၁. ၂၀၂၃
Translated by Htwe Ko Tun
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့(UNESCO) က ထိုင်းနိုင်ငံ၏ နှစ်သစ်ကူးရေကစားပွဲတော်ဖြစ်သော ဆုန်ခရန်ပွဲတော်အား ထိုင်းနိုင်ငံ၏ ဒြပ်မဲ့ယဥ်ကျေးမှုအဖြစ် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းရန် အဆိုပြုမှုအား ထည့်သွင်းစဉ်းစားမည်ဖြစ်ကြောင်း သိရသည်။
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုသည်မှာ လူသားများ ပြောဆိုသည့် ဘာသာစကား၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ယုံကြည်ကိုးကွယ်မှု၊ ရိုးရာဓလေ့ထုံးစံများ၊ အတွေးအခေါ်၊ လက်မှုအနုပညာနှင့် အနုသုခုမပညာစသည်တို့ ပေါင်းခြုံထားခြင်းပင်ဖြစ်ပြီး ထိုသို့သော ယဥ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်စဉ်များအဖြစ် သတ်မှတ်ရေး ယူနက်စကိုအဖွဲ့ဝင်နိုင်ငံများက စဉ်းစားကြမည်ဖြစ်သည်။
ထိုင်းနိုင်ငံက ယူနက်စကိုသို့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်စဉ်များအဖြစ် စဉ်းစားနိုင်ရေး နှစ်စဉ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ခုနှစ်ခုကိုတင်သွင်းခဲ့ရာ လက်မှုအတတ်ပညာ၊ ရိုးရာစာပေ၊ အားကစားများ၊ ရိုးရာဓလေ့စရိုက်များ၊ အသိပညာ နှင့် စာပေကဏ္ဍများကို နှစ်စဉ်တင်သွင်းနေသည်။
၂၀၂၃ ခုနှစ်အကုန်တွင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များအဖြစ် သတ်မှတ်ရေးစဉ်းစားခံရမည့်စာရင်းတွင် ထိုင်းနိုင်ငံမှ ထိုင်းရိုးရာအနှိပ်ပညာ၊ မွေထိုင်းလက်ဝှေ့၊ ခုန် မျက်နှာဖုံးစွပ်ဘီလူးအကနှင့် နိုရာအကတို့ ပါဝင်ကြောင်း သိရသည်။
သို့ရာတွင် အဆိုပါ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များအဖြစ် သတ်မှတ်ရေးစဉ်းစားခံရမည့်စာရင်းတွင် ပါဝင်သည့် ယဉ်ကျေးမှုအမွေအနှစ်အချို့မှာ ဓလေ့ထုံးတမ်းနှင့် ရိုးရာအစဉ်အလာတို့ပါတူညီကြသည့် ဒေသတွင်းအခြားနိုင်ငံများလည်း ရှိနေနိုင်သောကြောင့် စဉ်းစားရာတွင်ခက်ခဲတတ်ကြောင်း သိရသည်။
ဆုန်ခရန်ရေပွဲတော်သည် မြန်မာနိုင်ငံ၌ မဟာသင်္ကြန်ပွဲတော်အဖြစ် နှစ်ပေါင်းထောင်ချီ ရေကစားပွဲတော်အဖြစ် တည်ရှိခဲ့ပြီး ကမ္ဘောဒီးယား၊ လာအို၊ နီပေါ၊ သီရိလင်္ကာစသည့်နိုင်ငံများတွင်လည်း နှစ်သစ်ကူးရေကစားပွဲတော်များ နှစ်စဥ်ကျင်းပနေကြောင်း သိရသည်။
Ref-Laotian