October 23, 2024

၂၆. ၁. ၂၀၂၃
Written by Thi Ha

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပုသိမ်၊ ရန်ကုန်အမြန်လမ်းမကြီးဘေးရှိ အမှတ်(၃) တူးမြောင်းတွင် ဇန်နဝါရီ ၂၆ရက် နံနက် ၁၁ နာရီခန့်အချိန်က စက်လှေတိမ်းမှောက်မှုဖြစ်ပွားရာ လှေပေါ်တွင်လိုက်ပါလာသူ ၉ ဦးနက် တစ်ဦးပျောက်ဆုံးပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဆားမလောက်နယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လှေပေါ်ပါသူ ကလေး ကျား(၁)ဦး၊ မ(၁)ဦး အပါအဝင် လူကြီး ကျား(၄)ဦး၊ မ(၃)ဦးစုစုပေါင်း(၉)ဦး လိုက်ပါပြီး၊ လှေတိမ်းမှောက်ရာမှ ကလေးငယ် ကျား(၁)ဦးနှင့် မ(၁)ဦးတို့မှာ ပျောက်ဆုံးနေခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နေ့လည် ၁၂ နာရီဝန်းကျင်အချိန်တွင် ကလေးငယ် မ(၁)ဦး၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီး မေတ္တာရှင်နာရေးကူညီမှုအသင်းယာဉ်ဖြင့် ဆားမလောက်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာ ကျန်ကလေးငယ်ကို ဆက်လက်ရှာဖွေနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *