October 23, 2024

၂၆. ၁. ၂၀၂၃
Written by Pan Ei

Miley Cyrus ဟာ သူမရဲ့ “Flowers” သီချင်း ထွက်ရှိပြီး ပွဲဦးထွက်သီတင်းပတ်မှာပဲ Billboard ရဲ့ အကျော်ကြားဆုံးသီချင်း ၁၀၀ ဇယားမှာ နံပါတ် ၁ နေရာကို ပြန်လည် ရရှိခဲ့ပါတယ်။

၂၀၁၃ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ “Wrecking Ball” သီချင်းနဲ့ နံပါတ် ၁ နေရာကိုရရှိခဲ့တဲ့ Miley Cyrus ဟာ ၁၀ နှစ်ကြာပြီးချိန်မှတစ်ခါ ထိပ်ဆုံးနေရာကို ထပ်မံရရှိခဲ့တာလည်းဖြစ်ပါတယ်။

သူမရဲ့ ခင်ပွန်းဟောင်း Liam Hemsworth ရဲ့ မွေးနေ့မှာ ထုတ်လွှင့်ခဲ့တဲ့ “Flowers” သီချင်းဟာ ကြည့်ရှုမှုပေါင်း ၅၂ ဒသမ ၆ သန်း၊ ရေဒီယိုက ထုတ်လွှင့်မှု ၃၃ ဒသမ ၅ သန်းနဲ့ ဒစ်ဂျစ်တယ်ရောင်းချမှုပေါင်း ၇၀၀၀၀ ကျော်တို့နဲ့ ပွဲဦးထွက်လှခဲ့ပြီး နောက်အပတ်မှာလည်း နံပါတ် ၁ နေရာကို ဆက်လက်ရယူသွားနိုင်မယ်လို့ ပရိသတ်တွေက ခန့်မှန်းထားကြပါတယ်။

ဒီအပတ်အတွက် Billboard ရဲ့ အကျော်ကြားဆုံး သီချင်း ၁၀၀ စာရင်းရဲ့ နံပါတ်၂ နေရာကို “Kill Bill” သီချင်းနဲ့ SZA က ရရှိခဲ့ပြီး နံပါတ် ၃ နေရာကို “Anti Hero” သီချင်းနဲ့ တေလာဆွစ်က ရရှိခဲ့ပါတယ်။ ဒါ့အပြင် လက်တွဲဖော်ဟောင်း Pique နဲ့ ပတ်သက်ပြီး သီဆိုထားတဲ့ ရှာကီရာ ရဲ့ “Bzrp Music Sessions, Vol. 53” သီချင်းဟာလည်း နံပါတ် ၉ နေရာကို ရရှိခဲ့ပါတယ်။

Ref; Billboard

Leave a Reply

Your email address will not be published. Required fields are marked *