October 23, 2024

MT News

Written by Nay Moe

စစ်သံရုံးဝင်ခွင့် ဖြေဆိုပြီးပြန်လာသူ တပ်ကြပ်ကြီးစာရေးအား ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(Palaw Regional Defense Force-PRDF) က ဖမ်းဆီးထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်မှာ ဇန်နဝါရီ ၂၃ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကဒဲကျေးရွာနှင့် သင်္ကန်းတောကျေးရွာအနီး မိန်းလမ်းမကြီးတွင် PRDF က စစ်ဆေးမှုပြုလုပ်နေချိန် ခရီးသွားကားပေါ်တွင် လိုက်ပါလာသည့် ဘုတ်ပြင်းမြို့ ဆေးတပ် (တဆရ ဆေးရုံ ၁၈/၁၀၀) မှ တပ်ကြပ်ကြီးစာရေး ကိုယ်ပိုင် အမှတ် တ-၃၅၂… ဖြစ်သူ ကိုသန်းဇော်ဦး ဆိုသူကို ညနေ ၄ နာရီခန့်တွင် ပုလော ဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF)မှ ဖမ်းဆီးခဲ့သည်ဟု သတင်းထုတ်ပြန်သည်။

တပ်ကြပ်ကြီးစာရေးသန်းဇော်ဦးသည် ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၂၀ မှစ၍ တာဝန်ထမ်းဆောင်ခဲ့ရာ လက်ရှိ တာဝန် ထမ်းဆောင်သက် ၁၆ နှစ်ကျော်နေသူဖြစ်ပြီး ဖမ်းမိခဲ့သည့် အချိန်တွင် စစ်ဆေးမှုပြုလုပ်ရာ၌ စစ်သံရုံးဝင်ခွင့် ဖြေဆိုရာမှ ပြန်လာသူဖြစ်ကြောင်း သိရှိရသည်ဟုလည်း PRDF က ဆိုသည်။

တပ်ကြပ်ကြီးစာရေးသန်းဇော်ဦးထံမှ ဖုန်း (၁) လုံးနှင့် ပိုက်ဆံ ၂၀,၀၅၀ ကိုလည်း သိမ်းဆည်းထားကာ ယခုလက်ရှိတွင်လည်း PRDF မှ ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *