၂၅.၁.၂၀၂၃.
translated by Htwe Ko Tun
ဂျပန်နိုင်ငံအနောက်တောင်ပိုင်း နာဂါစကီးကမ်းခြေအလွန် ကမ်းလွန်ပင်လယ်ပြင်အတွင်း ဇန်နဝါရီလ ၂၅ ရက် နံနက်အစောပိုင်းက နစ်မြုပ်သွားခဲ့သော ကုန်တင်သင်္ဘောမှ ပြန်လည်ကယ်ဆယ်ရရှိသူ အနည်းဆုံး ၁၄ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း ဇန်နဝါရီလ ၂၅ ရက် မွန်းလွဲပိုင်း နောက်ဆုံးသတင်းများက ဆိုသည်။
သင်္ဘောပေါ်တွင် မြန်မာနိုင်ငံသားရှစ်ဦးနှင့် တရုတ်နိုင်ငံသား ၁၄ ဦး စုစုပေါင်း ၂၂ ဦး လိုက်ပါသွားခဲ့ကြပြီး သစ်သားနှင့် အခြားကုန်စည်များတင်ဆောင်လျက် တောင်ကိုရီးယားနိုင်ငံ၊ အင်ချီယွန်မြို့သို့ ဦးတည်ခုတ်မောင်းလာခြင်းဖြစ်သည်။
ပျောက်ဆုံးနေသေးသော သင်္ဘောသားများကို ဂျပန်နှင့်တောင်ကိုရီးယားကမ်းခြေစောင့်တပ်ဖွဲ့များမှ ရဟတ်ယာဉ်များ၊ကမ်းခြေစောင့်သင်္ဘောများဖြင့် လိုက်လံရှာဖွေနေဆဲဖြစ်ကြောင်းသိရပြီး လေပြင်းတိုက်ခတ်မှုနှင့် လှိုင်းထန်မှုကြောင့် ကယ်ဆယ်ရေးမှာ နှောင့်နှေးနေရကြောင်း သိရသည်။
ကယ်ဆယ်ရရှိသူများ၏ အခြေအနေနှင့် မည်သည့်နိုင်ငံသားဖြစ်ကြောင်း မသိရသေးပေ။
Ref—-Japan Times