၂၁. ၁. ၂၀၂၃
Written by Naing Thuta
ယနေ့မနက်ပိုင်းတွင် မန္တလေးမြို့ရှိ ဂေါဝိန်ဆိပ်ကမ်းတာရိုးပေါ် အမည်မသိ လူလတ်ပိုင်းအမျိုးသမီးတစ်ဦး၏ သေဆုံးနေသေ ာရုပ်အလောင်းတွေ့ရှိခဲ့ရကြောင်း မြို့ခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၁ ရက် နံနက် ၈ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ ဧရာဝတီမြစ် ဂေါဝိန်ဆိပ်ကမ်း တာရိုးပေါ်တွင် အမည်မသိ လူလတ်ပိုင်းအမျိုးသမီးတစ်ဦး သေဆုံးနေသည်ဟု ဒေသခံများမှ သက်ဆိုင်ရာသို့အကြောင်းကြားခဲ့ရာ လာရောက်စစ်ဆေးခဲ့ချိန်တွင် ၎င်းအမျိုးသမီးသည် ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေကြောင်း သိရသည်။
“ဒီရက်ပိုင်းအတွင်းတော့ ဆိပ်ကမ်းပေါ်မှ ာတွေ့တွေ့နေရတယ်။ ဘယ်ကလာမှန်းလည်း မသိကြဘူး။ ရောဂါတစ်ခုခုတော့ဖြစ်နေတာဖြစ်မယ်။ တော်တော်လေးတော့ ကျွမ်းနေတဲ့ပုံပေါက်တယ်။ မနက်က သေနေလို့ဆိုပြီး မဏီစလလူမှုကူညီရေးအသင်းကို ဖုန်းဆက်အကြောင်းကြားလိုက်တော့ အသင်းကနေ တာဝန်ရှိသူတွေကို ဆက်အကြောင်းခဲ့တော့ လိုအပ်တာတွေလာစစ်ဆေးပြီး ဆေးရုံကြီးရဲ့ရင်ခွဲရုံကိုပို့ခဲ့တာဖြစ်တယ်” ဟု ဂေါဝိန်ဆိပ်ကမ်းအနီးတွင် နေထိုင်သူတစ်ဦးက ဆိုသည်။
အဆိုပါရုပ်အလောင်းအား “မဏီစလ”လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်းလည်း သိရသည်။