၁၉. ၁. ၂၀၂၃
Written by Thettant
ဘုတလင်မြို့နယ်၊ ဗန္ဓုလရပ်ကွက်အတွင်းသို့ PDF များက လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး PDF များ၏ ပစ်ခတ်မှုကြောင့် ဗန္ဓုလရပ်ကွက်အတွင်းနေ ကလေးငယ် ၂ ဦး ဗုံးစထိမှနိ ဒဏ်ရာရရှိခဲ့သည်။
ဇန်နဝါရီလ ၁၈ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် PDF များက စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ဗန္ဓုလရပ်ကွက် အတွင်းသို့ လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင် များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
PDF များက ထိုသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ရပ်ကွက်အတွင်း ရောက်ရှိနေသည့် ဘုတလင်မြို့နယ်၊ သပြေပင်ကျေးရွာနေ မယဉ်ယဉ်ဌေး (၁၃)နှစ် (ဘ)ဦးစန်းမောင်နှင့် ၎င်း၏မောင်ဖြစ်သူ မောင်မြင့်မြတ်သူ(၁၀)နှစ်တို့တွင် ဗုံးသီးစထိမှန် ဒဏ်ရာ များရရှိခဲ့ပြီး ဆေးကုသနိုင်ရေး အတွက် ဘုတလင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။