၁၆. ၁. ၂၀၂၃
Wtitten by Pan Ei
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ရှိ ဟူစတန်ကလပ် ကားရပ်နားရာနေရာတွင် တနင်္ဂနွေနေ့ (ဇန်နဝါရီ ၁၅ ရက်) အစောပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ပစ်ခတ်မှုဖြစ်ပွားစဉ်တွင် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့ ထိမှန်ခဲ့ရခြင်းဖြစ်ပြီး အချက်ရေ ၅၀ ကျော်အထိ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးကာ ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး သေနတ်ပစ်ခတ်မှုသည် ကားပေါ်မှ ပစ်ခတ်မှုဖြစ်ဟန်တူသည်ဟု ဟားရစ်ခရိုင်မှ အရာရှိ ဂွန်ဇာလက်က သတင်းစာရှင်းလင်းပွဲ တစ်ခုအတွင်း ပြောကြားခဲ့သည်။
စုံစမ်းစစ်ဆေးရေးမှူးများသည် ပစ်ခတ်မှုကို စုံစမ်းစစ်ဆေးနေပြီး သက်သေများကို ရှာဖွေရန် ကြိုးစားနေကြကြောင်း အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။
Ref; CNN