၂၉.၁၁. ၂၀၂၄
Written by Shwe Phyo
ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် နိုဝင်ဘာ ၂၉ ရက်နေ့ နံနက်ပိုင်းက ကွန်ကရစ်ကျောက်တုံးကြီးများကို တင်ဆောင်သော ကရိန်းပြတ်ကျခဲ့ရာ မြန်မာနိုင်ငံသားများအပါအဝင် လူလေးဦးသေဆုံးခဲ့ပြီး အနည်းဆုံး ၁၀ ဦးဒဏ်ရာရခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
အဆိုပါအဖြစ်အပျက်သည် ဆာမတ်ဆာခွန်ပြည်နယ် မောင်းဒေသရှိ Rama II အမြန်လမ်းနားက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆာမတ်ဆာခွန်ပြည်နယ် အုပ်ချုပ်ရေးမှူးက အတည်ပြုပြောဆိုထားသည်။
ထိုဖြစ်ရပ်တွင် Special Highway No. 82 အမည်ရှိ အမြန်လမ်းတည်ဆောက်ရေးလုပ်ငန်းကို PSCI ဆောက်လုပ်ရေးကုမ္မဏီက ဦးဆောင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး အလေးချိန်တန်ချိန် ၄၀၀ ရှိ ကွန်ကရစ်တုံးနှင့် အလေးချိန်တန်ချိန် ၂၀၀ ရှိကွန်ကရစ်တုံးများကို ကရိန်းဖြင့် မပြီးရွှေ့ပြောင်းချိန်အတွင်း ကရိန်းပြုတ်ကျခဲ့ခြင်းမျိုးဖြစ်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြထားသည်။
ဆာမတ်ဆာခွန်ပြည်နယ်အုပ်ချုပ်ရေးမှူးက သေဆုံးခဲ့သူလေးဦးထဲတွင် မြန်မာနိုင်ငံသားသုံးဦးနှင့် ထိုင်းနိုင်ငံသားတစ်ဦးတို့ ပါဝင်ခဲ့ပြီး အခြား ၁၀ ဦးဒဏ်ရာရခဲ့ကြောင်းပြောသည်။ သေဆုံးခဲ့သော မြန်မာနိုင်ငံသားသုံးဦးသည် ချစ်ကိုကို၊ ဖြိုးကိုကို နှင့် အောင်သိန်းလှိုင် ဆိုသူတို့ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များကပြောသည်။
ကွန်ကရစ်တုံးကြီးများ မရာတွင် ကရိန်းပြုတ်ကျခဲ့ခြင်းကို အသေးစိတ်စုံစမ်းစစ်ဆေးရန်အတွက် ထိုင်းအမြန်လမ်းတည်ဆောက်ရေး အဖွဲ့အထူးစုံစမ်းစစ်ဆေးရေး အရာရှိများစေလွှတ်စုံစမ်းမည်ဖြစ်ကြောင်း ထိုင်းသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ထိုင်းကယ်ဆယ်ရေးအဖွဲ့များသည် အပျက်အစီးအပိုင်းအစများအောက်တွင် ပိတ်မိနေသူများကို ဆက်လက်ရှာဖွေနေသလို ဒဏ်ရာရသူများကိုအရေးပေါ် ဆေးရုံသို့တင်ပို့ခဲ့ရကြောင်း သိရသည်။
REf ,Prachatai