၆. ၁၁. ၂၀၂၄
Written by Nay Moe
မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၈ နိုင်ငံက အထူးအာဏာကုန်လွှဲအပ်ခံရသော သံအမတ်ကြီးတွေရဲ့ ခန့်အပ်လွှာကို ရုရှားသမ္မတပူတင်က ကရင်မလင်နန်းတော်ရှိ စိန့်အလက်ဇန္ဒားခန်းမမှာ အတည်ပြုလက်ခံခဲ့ပါတယ်။
သံအမတ်ကြီး ၂၈ ဦးကို အတည်ပြုလက်ခံချိန်မှာ ရုရှားသမ္မတက ရုရှားနိုင်ငံအနေနဲ့ အဆွေတော်တို့ နိုင်ငံအသီးသီးက ပေးအပ်တဲ့ လုပ်ငန်းတာဝန်တွေကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် အထူးအလေးပေးဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့သလို ရုရှားနိုင်ငံဟာ အဆွေတော်တို့နိုင်ငံတွေနဲ့ နိုင်ငံရေး၊ စီပွားရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေအပြင် အခြားသော ဆက်ဆံရေးတွေကို ပိုမိုမြှင့်တင်ဆောင်ရွက်သွားလိုတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ရုရှားနိုင်ငံအနေနဲ့ တန်းတူညီမျှမှု၊ ပြည်ပနိုင်ငံတွေရဲ့ ပြည်တွင်းရေးဝင်ရောက်မစွက်ဖက်ရေးနဲ့ နိုင်ငံတကာဥပဒေတွေကို လိုက်နာဆောင်ရွက်ပြီး နိုင်ငံအားလုံးနဲ့ အပြန်အလှန်အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် ထာဝရ တံခါဖွင့်ထားတယ်လို့လည်း ပူတင်က ပြောကြားခဲ့ပါတယ်။
ရုရှားနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ် မြန်မာနိုင်ငံက အထူးအာဏာကုန် လွှဲအပ် တာဝန်ပေးခံရသူက ဦးသစ်လင်းအုန်းဖြစ်ပြီး ဦးသစ်လင်းအုန်းကို ရုရှားသမ္မတနဲ့အပြင် အစ္စရေး၊ ဂျပန်၊ စပိန်၊ မလေးရှား၊ ဒိန်းမတ်၊ အီတလီစတဲ့ နိုင်ငံ ၂၇ ခုက သံအမတ်ကြီးတွေနဲ့လည်း ယှဥ်တွဲတွေ့မြင်ရပါတယ်။