၄. ၁၁. ၂၀၂၄
Written by Nay Moe
ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က PDF နှစ်ဦးဟာ အဖွဲ့ပိုင် ငွေ ကျပ် သိန်း ၃၀၀ ကျော်ယူပြီး ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
ငွေယူဆောင်သွားကြသူတွေက ငရှိုင်း (ခ) ထက်ရှိုင်းဆိုတဲ့ အရပ်ရှည်ရှည် ကုလားဆင်၊ နှာခေါင်းထိပ် အရှည်လိုက်အရာပါသူနဲ့ မာန်ချူး (ခ) အောင်ချမ်းမင်း၊ အရပ်ပုပု အသားမဲမဲ အသွင်ရှိသူတို့ဖြစ်ပြီး Tital Wave ဆိုင်ကယ်နဲ့ချောင်းဦး ပကဖ ငွေ သိန်း ၃၀၀ ကျော် ယူကာ ထွက်ပြေးသွားတာဖြစ်တယ်လို့ ရွှေဘိုခရိုင် အမှတ် (၁၅) တပ်ရင်းက တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ဆိုသလို ဒီ PDF နှစ်ယောက်ကို တွေ့ရင် ထိန်းသိမ်းပြီး ချောင်းဦး ပကဖဆီအကြောင်းကြားပေးဖို့လည်း ပုံနဲ့တကွ ဖော်ပြထားပါတယ်။
ချောင်းဦးပကဖအဖွဲ့ဟာ ဒီ ငွေကျပ် သိန်း ၃၀၀ ကျော်ကို ဘယ်လိုပုံစံနဲ့ ဘာကြောင့် ရရှိထားတယ်ဆိုတာကို မဖော်ပြထားသလို အဖွဲ့ဝင် PDF နှစ်ဦးက ငွေကျပ် သိန်း ၃၀၀ ယူဆောင်ထွက်ပြေးတာနဲ့ ပတ်သက်ပြီးလည်း လုံးဝ ဖော်ပြထားတာ မတွေ့ရပါဘူး။