၁၈. ၁၀. ၂၀၂၄
Written by Nay Moe
ရှမ်းပြည်နယ်၊ နမ့်ဖက်ကာမြို့နယ်၊ နမ့်အွမ်အုပ်စု၊ ပန်ခါးကျေးရွာတွင် အမျိုးသားနှစ်ဦးက ၆၀ မမ အမျိုးအစားလက်နက်ကြီးတစ်လုံးအား သယ်ယူလာပြီး ဖြုတ်ရာမှ ပေါက်ကွဲမှုဖြစ်ပွား၍ နှစ်ဦးလုံး ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။
ဖြစ်စဥ်တွင် အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က တိုက်ပွဲအတွင်း မပေါက်ကွဲသေးသည့် ၆၀ မမ ဗုံးသီးတစ်လုံးအတွင်းရှိ ယမ်းမှုန့်များကို သယ်ယူလာသည့်အမျိုးသားနှစ်ဦးက ထုတ်ယူရန်ကြိုးပမ်းနေစဥ် ပေါက်ကွဲသွားခဲ့ခြင်းဖြစ်သည်။
၆၀ မမ လက်နက်ကြီးကို ယမ်းမှုယူရန် ဖြုတ်ချိန် ပေါက်ကွဲရာမှ နှစ်ဦးစလုံး ပွဲချင်းပြီးသေဆုံးသွားသည့် အမျိုးသား (၂)ဦးသည် ပန်ခါးကျေးရွာတွင် နေထိုင်သည့် ခွန်ဂျာချောင် အသက် (၂၇)နှစ်နှင့် ခိုမုန်းကျေးရွာတွင် နေထိုင်သည့် ဦးညီထွမ်း အသက် (၆၀)နှစ်တို့ ဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့ကလည်း နမ့်ဖတ်ကာတွင် အမျိုးသားတစ်ဦးသည် မပေါက်ကွဲသေးသည့် လက်နက်ကြီးတစ်လုံးကို ယူဆော့မိရာမှ ပေါက်ကွဲပြီး သေဆုံးသွားခဲ့သလိုမေလ ၁၃ ရက်နေ့ကလည်း မပေါက်ကွဲသေးသည့် မိုင်းကိုလည်း ကလေးများက ယူဆော့ရာမှ ပေါက်ကွဲ၍ ၁ ဦး ပွဲချင်းပြီး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။