၁၆.၁၀.၂၀၂၄
Written By Thandar
ဓမ္မစကူးဆရာမလေးဆိုပြီး ပရိသတ်ချစ်ခင်အားပေးမှုများစွာရရှိထားတဲ့ သရုပ်ဆောင် နန်းဝေဝေမြင့်ရဲ့ တေးသီချင်းသီဆိုမှုနဲ့ ပတ်သက်ပြီး ရှမ်းအရှေ့၊ တာချီလိတ်ရဲ့ ဓမ္မစကူးအဖွဲ့နဲ့ မသက်ဆိုင်ကြောင်း တာချီလိတ်မြို့ ဓမ္မစကူးအဖွဲ့က ယနေ့ အောက်တိုဘာလ ၁၆ ရက်မှာ သတင်းထုတ်ပြန်လာတာကို မသိရသေးကြောင်းနဲ့ သတင်းမှန်ကန်မှုရှိ ၊ မရှိကို သေချာစောင့်ကြည့်မှာလို့ နန်းဝေဝေမြင့်က ဆိုပါတယ်။
“ဒီသတင်းတွေက နန်းကိုယ်တိုင်လည်း မသိပါဘူး။ နန်းဘက်ကလည်း ဘာမှထောက်ခံချက်တွေ ယူမထား၊ လို
တာလည်း မရှိပါဘူး။ ဘာအပြစ်မှလည်း မလုပ်ထားပါဘူး။ နန်းဘက်က ဘာမှ သေချာမသိရသေးပါဘူး။ သတင်းမှန်လား၊ သတင်းမှားလားဆိုတော့ သေချာစောင့်ကြည့်ရမှာပါ”လို့ သရုပ်ဆောင် နန်းဝေဝေမြင့် က MT Entertainment ကို ပြောပါတယ်။
အဆိုပါ ထုတ်ပြန်ချက်ကတော့ မန္တလေးမြို့ဖျော်ဖြေပွဲတစ်ခုမှာ ဖြစ်ပျက်ခဲ့တာကိစ္စရပ်တွေက ဓမ္မစကူးနဲ့သက် ဆိုင်ခြင်းမရှိဘဲ သူမက ဓမ္မစကူးအဖွဲ့နဲ့ မသက်ဆိုင်ဘဲလက်ရှိရုပ်ရှင်သရုပ်ဆောင် ဖြစ်နေပြီလို့ဆိုထားပါတယ်။
နန်းဝေဝေမြင့်က ၂၀၁၄ ခုနှစ်မှာ ဓမ္မစကူးဆရာမအနေနဲ့ သင်တန်းတက်ရောက်ခဲ့ပြီး ဓမ္မစကူး Grade -2 အတန်းကို ၂၀၁၉-၂၀၂၀ ခုနှစ်မှာ ပညာသင်ကြားခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ကိုဗစ်ရောဂါတွေဖြစ်ပွားခဲ့တဲ့အတွက် ကျောင်းတွေပိတ်ခဲ့ရပြီးနောက် စာသင်တဲ့အလုပ်ကို ရပ်နားခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
နန်းဝေဝေမြင့်က ဓမ္မစကူး ဆရာမ လုပ်နေတဲ့ကာလအတွင်း Social Platform မှာ ဓမ္မစကူးဆရာမလုပ်ဆောင်တဲ့ ကိစ္စတွေနဲ့ပတ်သတ်ပြီး ဖော်ပြရာကနေ လူသိများလာတာလည်းဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ ဓမ္မစကူးဆရာမဆက်မလုပ်တော့ဘဲ ရုပ်ရှင်သရုပ်ဆောင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းကိုသာ လုပ်ကိုင်နေသူ ဖြစ်တယ်လို့ သိရပါတယ်။
နန်းဝေဝေမြင့်က လက်ရှိကာလမှာကြော်ငြာနဲ့ MTV တွေ၊ ရုပ်ရှင်ဇာတ်ကားတချို့မှာ သရုပ်ဆောင်အနေနဲ့လုပ်ဆောင်နေလျှက်ရှိပြီး ဘားတွေနဲ့ စားသောက်ဆိုင်တွေမှာလည်း တေးသီချင်းသီဆိုဖျော်ဖြေနေလျှက်ရှိပါတယ်။ အဲဒီလိုဖျော်ဖြေရင်း မန္တလေးမှာသီဆိုချိန် စင်ပေါ်မှာ အတွင်းခံပေါ်သွားခဲ့တာကြောင့် ဝေဖန်မှုပြင်းထန်စွာခံခဲ့ရတာကြောင့်လည်း လက်ရှိမှာ ထုတ်ပြန်ချက်တွေ ထွက်လာရတာပါ။ လက်ရှိမှာ သူမက အောက်တိုဘာ ၁၆ ရက်ကနေ ၁၈ ရက်အထိ ပျဉ်းမနား သီတင်းကျွတ်နှစ်ကျိပ်ရှစ်ဆူလှည့်လည် ဖျော်ဖြေရေးအတွက် ရောက်ရှိနေတယ်လို့ သိရပါတယ်။