၁၆. ၁၀.၂၀၂၄
Photo by Nyein Kyaw
ရွှေတိဂုံစေတီတော်မှာ ဆီမီးစေတီ ၅ ဆူ လှည့်လည်ခြင်းနဲ့ ဆီမီးတစ်သောင်းပူဇော်ခြင်း အခမ်းအနား ဒီနေ့ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းတက်ရောက်ခဲ့သည်။
သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် ဆီမီးတစ်သောင်းပူဇော်ပွဲကို ဒီနေ့ အောက်တိုဘာ ၁၆ ရက် အဖိတ်နေ့၊ အောက်တိုဘာ ၁၇ ရက် သီတင်းကျွတ်လပြည့်နေ့နဲ့ အောက်တိုဘာ ၁၈ ရက် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့အထိ သုံးရက်တိုင်တိုင် ပူဇော်သွားမှာဖြစ်ပါတယ်။
ဆီမီးပူဇော်ခြင်းကို မည်သူမဆို ဝင်ရောက်ပူဇော်နိုင်မှာဖြစ်ပြီး တာဝန်ရှိသူများက ဆီမီးခွက်တွေနဲ့ မီးပူဇော်မယ် ဖယောင်းတိုင်တွေကိုလည်း စီစဉ်ပေးထားတာဖြစ်ပြီး ဒီနေ့မှာဆိုရင် နိုင်ငံခြားသား ဘုရားဖူးတွေကပါ ဆီမီးပူ ဇော်ခြင်းကို ပါဝင်ဆင်နွှဲနေတာကို တွေ့ရပါတယ်။