၁၆. ၁၀. ၂၀၂၄
Photo by Nyein Kyaw
ရန်ကုန်မြို့၊ ဝန်ကြီးများရုံးမှာ ဒီနေ့ကစပြီး သီတင်းကျွတ်ဈေးရောင်းပွဲတော် သုံးရက်တိုင်တိုင် ကျင်းပနေပြီး သီတင်းကျွတ်ရုံးပိတ်ရက်လည်းဖြစ်တာမို့ ဈေးဝယ်သူနဲ့ လာရောက်လေ့လာသူ များပြားလျက်ရှိပါတယ်။
အဆိုပါ ဈေးရောင်းပွဲတော်ကို ဒီနေ့ အောက်တိုဘာ ၁၆ ရက်ကနေ အောက်တိုဘာ ၁၈ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး အဝတ်အထည်ဆိုင်၊ လူသုံးကုန်ဆိုင်၊ အစားအ သောက်ဆိုင်၊ အအေးကော်ဖီဆိုင်၊ စာအုပ်ဆိုင်၊ ဖိနပ်ဆိုင်၊ Handmade ပစ္စည်းဆိုင်နဲ့ အလှကုန်ဆိုင်တွေကို ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးနေတာဖြစ်ပါတယ်။
ဒါ့အပြင် ပြည်တွင်းဖြစ် မြေပဲဆီတွေကိုလည်း ပုံမှန်ထက် ဈေးနှုန်းလျှော့ချရောင်းချပေးနေပြီး မြေပဲဆီ ၅၀ ကျပ်သားတစ်ဘူးကို ၇၅၀၀ ကျပ်နဲ့ သုံးပိဿာဘူးတစ်ဘူးကို ၄၂,၀၀၀ ကျပ်နဲ့ ရောင်းချပေးနေတာ တွေ့ရပါတယ်။