၁၆. ၁၀. ၂၀၂၄
Photo by Nyein Kyaw
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ဒီနေ့ကစပြီး ဈေးရောင်းပွဲတော် ပြုလုပ်နေသလို သီတင်းကျွတ်ရုံးပိတ်ရက်ဖြစ်တာကြောင့် ဈေးဝယ်သူများ အပန်းဖြေလာရောက်သူများနဲ့ စည်ကားနေတာကို တွေ့ရပါတယ်။
အဆိုပါဈေးရောင်းပွဲတော်ကို ဒီနေ့ အောက်တိုဘာ ၁၆ ရက်ကနေ အောက်တိုဘာ ၂၀ ရက်အထိ ၅ ရက်တိုင်တိုင် ပြုလုပ်သွားမှာဖြစ်ပြီးတော့ စာသင်ကျောင်းသုံးပစ္စည်း၊ အဝတ် အထည် ၊ အစားအသောက်၊ ကလေးကစားစရာအရုပ်၊ ကံစမ်းမဲဖောက်ပေးတာတွေ ပါဝင်ပါတယ်။
ဈေးရောင်းပွဲတော်ကို လာရောက်သူများနဲ့ သီတင်းကျွတ်ရုံးပိတ် ပထမဆုံးနေ့ဖြစ်သလို မနက်ဖြန် သီတင်းကျွတ်လပြည့်နေ့မှာ ဥပုသ်သီလစောင့်လိုသူတွေက ဒီနေ့မှာ ကလေးငယ်တွေကို တိရစ္ဆာန်ဥယျာဉ်ကို လိုက်ပို့ပေးတာကြောင့် စည်ကားလျက်ရှိပါတယ်။