၁၆.၁ဝ.၂ဝ၂၄
Written by K Pyay Thein
ရန်ကုန်မြို့မှာ နေ့စဥ်ခရီးသွား ၁၆ သိန်းကို YBS ယာဉ်လိုင်း (၁၃၁)နဲ့ သယ်ယူပို့ဆောင်ပေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ
(YRTC)ထံကနေ သိရပါတယ်။
“ရန်ကုန်မြို့မှာ နေ့စဥ်ပြေးဆွဲပေးနေတာက ယာဥ်အစီးရေ ၃၈၀၀ ခန့်ရှိပါတယ်။ ရုံးပိတ်ရက်တွေမှာတော့ ယာဥ်အစီးရေအနည်းငယ်လျှော့ပြီး ပြေးဆွဲပေးပါတယ်။ နောက် CNG
ဂက်(စ်)ရရှိမှုအပေါ်မူတည်ပြီးတော့လည်း မီးပျက်တဲ့အချိန်တွေမှာဆိုရင် ပြေးဆွဲယာဥ်အစီးရေနည်းပေမဲ့ CNG ဖြည့်တင်းပြီးတာနဲ့ အခေါက်ရေတိုးပြီးပြေးဆွဲပေးနေတာတွေရှိပါတယ်”လို့ YRTC ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
YRTC ရဲ့စာရင်းတွေအရ လက်ရှိရန်ကုန်မြို့မှာ နေ့စဉ် YBS ယာဉ်လိုင်း ၁၃၁ လိုင်းက ပုံမှန် ပြေးဆွဲပေးနေတာဖြစ်ပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့က YBS ယာဉ်အသီးသီးကို လိုက်ပါစီးနင်းကြတဲ့ ခရီးသည်ဦးရေကဟာ ၁၆ သိန်းခန့်ရှိနေတာဖြစ်တယ်လို့ သိရှိရပါတယ်။
Photo – CJ