September 27, 2024

၂၅.၉.၂၀၂၄
Written By Thandar

အလှမယ်လောကထဲက တစ်ဆင့် သရုပ်ဆောင်လောကထဲရောက်ရှိလာတဲ့ အလှမယ် သရုပ်ဆောင် အိအိအောင်ထွန်း@မီးမီးက‌ ထိုင်းနိုင်ငံမှာ ထုတ်လွှင့်ပြသနေတဲ့ “ The Hidden Moon ” Girl Love Series မှာ မတူညီတဲ့ ကာရိုက်တာတစ်ခုအနေနဲ့ ဒရာမာဇာတ်ဝင်ခန်းတွေမှာ အကောင်းဆုံးကြိုးစားထားတယ်လို့ ဆိုပါတယ်။

“ဒီဇာတ်လမ်းတွဲက Girl Love လေး။ မီးမီး တကယ် ရိုက်ထားတာပါ။ မိန်းကလေးချင်း တွဲရတာမို့လေ။ ကာရိုက်တာ တစ်ခုပါ။ ကိုယ့်အတွက် အသစ်အဆန်း ကာရိုက်တာလို့လည်း ပြောလို့ရပါတယ်။ မီးမီးက အပြင်ကနဲ့ မတူဘူး။ ပရိသတ်တွေ စောင့်ကြည့်ပေးကြလို့ ပြောချင်ပါတယ်။ ခုကတော့ ထိုင်းမှာ ထုတ်လွှင့်ပြသနေပါပြီ။ GL ကားဆိုပေမယ့် ရိုက်ရတာ မီးမီးအတွက် အခက်အခဲ မရှိပါဘူး။ တချို့ ထိုင်း Fan တွေ ဆိုရင် မယုံကြဘူး။ မီးမီးက ဒီလို ကားကို တကယ်ရိုက်တာလားပြောကြတယ်။ ဒါရိုက်တာက မီးမီး ဒီကားမှာ ဒရာမာခန်းတွေ တော်တော်များများ ပါတယ်။ ငိုရမယ်ဆိုတော့ တော်တော်လေး လန့် သွားတယ်။ ငိုရတဲ့ ဆင်းန်တွေမှာ မီးမီးအနေနဲ့ သေချာလေး မုဒ်ထည့်ရတယ်။ ငိုတဲ့ဆင်းန်အတွက် ကိုယ့်ကြောင်လေး သေသွားတာ ရင်ထဲထည့်ငိုချလိုက်တာပါ” လို့ သရုပ်ဆောင် အိအိအောင်ထွန်း@မီးမီးက ပြောပါတယ်။

အဆိုပါဇာတ်လမ်းတွဲက သူမရဲ့ ပထမဦးဆုံး ထိုင်းနိုင်ငံက အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းခွင့်ရတဲ့ ကားလို့လည်းဆိုပါတယ်။“ The Hidden Moon ” Girl Love Series ကိုတော့ စက်တင်ဘာ ၉ ရက်နေ့က စတင်ပြီးတော့ One 31 Channel လိုင်းက ပြသနေပြီလို့လည်း သိရပါတယ်။ အိအိအောင်ထွန်း@မီးမီး က မြန်မာနိုင်ငံမှာ “မေတ္တာအမွေ ပုဂံပြည် ”ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း သရုပ်ဆောင် ကျော်ထက်အောင်နဲ့အတူ ပါဝင်သရုပ် ဆောင်ထားတာလည်းဖြစ်ပါတယ်။

“မီးမီးက မိန်းကလေးချင်း ချစ်ရတာဆိုတော့ ရိုးရိုးလေးဆိုတော့ ကိုယ်တိုင်လည်း မိန်းကလေးကို သဘောကျဖူးတယ်လေ။ မိန်းကလေး အချစ်က စိုပြေတယ်။ အေးချမ်းတယ်။ မီးမီးကတော့ မိန်းကလေးဘက်ကို ပိုအားသာတယ်။ မိန်းကလေး အချင်းချင်းဆိုတာ ချစ်ဖို့ကောင်းတယ်။ အေးချမ်းရတာပေါ့။ဒီကားလေးက မြန်မာစာတန်းထိုးထားပါတယ်” လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *