MT News
ကရင်အမျိုးသားအစည်းအရုံး၏ တပ်မဟာ ၆ နယ်မြေအတွင်းမှ ကော်ဘရာစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲ အခမ်း အနားသို့ NUG ၏ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်ကာ သေနတ်အလက် ၆၀ ပေးအပ်သည်။
အဆိုပါပွဲတွင် မန်းဝင်းခိုင်သန်းက NUG ၏ တစ်နှစ်စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ တိုင်းရင်းသား မဟာမိတ်အဖွဲ့များနှင့် ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်နေမှု၊ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံများနှင့် သံခင်းတမန်ခင်း ကောင်းမွန်စွာ ချိတ်ဆက်ထားနိုင်မှု၊ တစ်ပြည်လုံးအတိုင်းအတာနှင့် တိုင်းရင်းသားမဟာမိတ်တပ်များ၊ PDF ပူးပေါင်းပြီး စစ်ဆင်ရေးအသာစီးရယူ ဆောင်ရွက်ထားနိုင်မှုများ ရှင်းပြခဲ့သည်။
ထို့နောက် တောင်ပိုင်းစစ်ဒေသသို့ ပေးအပ်မည့်လက်နက်များအနက် အလက် ၅၀ အား ကော်ဘရာစစ်ကြောင်း ဒုစစ် ကြောင်းမှူးထံ ပေးအပ်ခဲ့သည်။