MT News
Written by Min Mahar
ပြည်ကြီးတံခွန်မြို့နယ်ရှိ လမ်းဘေးတစ်နေရာတွင် ဒဏ်ရာဗရပွဖြင့် အသက်ခံထားရသော အမျိုးသားအလောင်း ၁ လောင်းအား ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
“တာဝန်သိပြည်သူတစ်ဦးက လမ်းဘေးမှာသေနေတဲ့ အလောင်းတစ်လောင်းကိုတွေ့တယ်လို့ အသင်းကို ဖုန်းဆက်အကြောင်း ကြားလာလို့ သွားကြည့်ကြတာ ဒဏ်ရာတွေအများကြီးနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်းကို တွေခဲ့ရတယ်။ အဲ့ဒါနဲ့ သက်ဆိုင်ရာကိုအကြောင်းကြားပြီးတော့ အသင်းက ကားနဲ့ပဲ ဆေးရုံကြီးရဲ့ ရင်ခွဲရုံကိုပို့ခဲ့တယ်။ အလောင်းပိုင်ရှင်တွေကို အခုထိမသိရသေးသလို ဘယ်လိုကြောင့်သေဆုံးတယ်ဆိုတာလည်း မသိရသေးဘူး”ဟု မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာလ ၂၅ ရက်နေ့က ပြောသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၉(A) လမ်း၊ ၁၀၄ လမ်းနှင့် ၁၀၅ လမ်းကြားတွင် ဒီဇင်ဘာလ ၂၅ ရက်နေ့ မနက်ပိုင်းလောက်က ဒဏ်ရာများဖြင့် အသတ်ခံထားရသော အမည်မသိအမျိုးသားအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသွားသူဖခင်၏ ပြောပြချက်အရ “သားက သူ့အိမ်မှာပဲ အသတ်ခံရတာဖြစ်နိုင်ပြီးတော့ ဒီလိုလမ်းဘေးမှာ တိရစ္ဆာန်တစ်ကောင်လို ပစ်သွားကြတာပဲဖြစ်တယ်” ဟု MT News သို့ ပြောဆိုသည်။
အဆိုပါအသတ်ခံထားရသောအမျိုးသားသည် ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ဘာကြောင့်အသတ်ခံရ၍ မည်သူများကသတ်ဖြတ်သွားကြသည်ကိုတော့ ယခုထိမသိရှိရသေးကြောင်း လတ်တလောတွင် ရုပ်အလောင်းကို မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့မှ မန္တလေးပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်းလည်း သိရသည်။