◾ ရုရှားသမ္မတပူတင် ချစ်ကြည်ရေးခရီးစဥ်အဖြစ် မြောက်ကိုရီးယားသို့ရောက်ရှိ
၁၉.၆.၂၀၂၄
Translated by Htwe Ko Tun
ဇွန်လ ၁၈ ရက်နေ့ ညနေပိုင်းတွင် ရုရှားသမ္မတပူတင်သည် မြောက်ကိုရီးယားနိုင်ငံသို့ State Visit သွားရောက်ခဲ့သော သမ္မပူတင်အနေဖြင့် ၂၀၀၀ ပြည့်နှစ်တွင် ရုရှားနိုင်ငံသမ္မတအဖြစ် ရွေးချယ်တင်မြောက်ခြင်းခံရပြီး ၂ လအကြာတွင် မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်ကာ ထိုအချိန်က Kim Jong il (ကင်ဂျုံအီး) နှင့်တွေ့ဆုံခဲ့ပြီး ၂၄ နှစ်အကြာမှ ယနေ့ ဇွန်လ ၁၉ ရက်မနက်ပိုင်းတွင် နောက်တစ်ကြိမ် ထပ်မံရောက်ရှိခဲ့ခြင်းဖြစ်သည်။
သမ္မတပူတင်အား ပြုံယမ်းလေဆိပ်တွင် မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un (ကင်ဂျုံအန်း) ကိုယ်တိုင် ကြိုဆိုနှုတ်ဆက်ခဲ့သလို လေဆိပ်တွင် နှစ်နိုင်ငံတာဝန်ရှိသူများ အပြန်အလှန်နှုတ်ဆက်ခဲ့ကြပြီးနောက် ယာဉ်တန်းရှိရာသို့ သွား ရောက်စဉ်အချိန်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များ ရင်းနှီးစွာစကားပြောဆိုခဲ့ကြသည်။ ထို့နောက် သမ္မတပူတင်သည် Kim Jong Un (ကင်ဂျုံအန်း) အား ရုရှားနိုင်ငံထုတ် Aurus ကားသို့ အတူတူစီးနင်းလိုက်ပါရန် ဖိတ်ခေါ်ခဲ့သည်။ အစပိုင်းတွင် သမ္မတပူတင်က အိမ်ရှင်နိုင်ငံခေါင်းဆောင်အား ညာဘက်တွင်စီးနင်းလိုက်ပါရန် ပြောဆိုခဲ့သော်လည်း ဧည်သည်ကို ဦးစား ပေးသည့်အနေဖြင့် Kim Jong Un (ကင်ဂျုံအန်း)သည် ဘယ်ဘက်တွင်သာ စီးနင်းလိုက်ပါခဲ့သည်။ သမ္မတပူတင်အနေဖြင့် မြောက်ကိုရီးယား သို့သွားရာလမ်းကြောင်းတွင် Yakutia မြို့သို့ ခေတ္တဝင်ရောက်ခဲ့ပြီး ခရီးစဉ်အတွင်း Yakutia မြို့ တိုး တက်မှုအခြေအနေများနှင့် IT နည်းပညာဆိုင်ရာ တီထွင်ဖန်တီးမှုများကို ကြည့်ရှုခဲ့ပြီး ခရီးဆက်ခဲ့သည်ဟု သိရှိရသည်။
သမ္မတပူတင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un (ကင်ဂျုံအန်း) တွေ့ဆုံမှုသည် ၂၀၁၉ ခုနှစ်မှ စတင်ခဲ့ပြီး ယခုဆို ၃ ကြိမ်တိုင်တိုင်ရှိခဲ့သည်။ ယခုခရီးစဉ် Program အရ သမ္မတပူတင်နှင့် Kim Jong Un (ကင်ဂျုံအန်း) တို့ အတူတူရှိမည့်အချိန်သည် ခန့်မှန်း ၉ နာရီခန့်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။ Program အရ သမ္မတပူတင် ရောက်ရှိမှုအား တရားဝင်ကြိုဆိုမှုအနေဖြင့် Kim il Sung ရင်ပြင်တွင် ကျင်းပပြီးနောက် Kumsusan Palace တွင် နှစ်နိုင်ငံခေါင်းဆောင်များတွေ့ဆုံမည်ဖြစ်ပြီး ခန့်မှန်းကြာချိန် တစ်နာရီခွဲခန့်ဖြစ်မည်ဟု သိရှိရသည်။ တွေ့ဆုံမှုအပြီးတွင် နှစ်နိုင်ငံခေါင်ဆောင်များ Kumsusan Palace အတွင်းလေ့လာမှုနှင့် Tea time ပြုလုပ်ကာ တွေ့ဆုံမှု ပထမပိုင်းအပြီးတွင် နှစ်နိုင်ငံ လုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများအား လက်မှတ်ရေးထိုးမည် ဖြစ်သည်။ ထို့နောက် နှစ်နိုင်ငံခေါင်းဆောင်များမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည် ဖြစ်သည်။
အဆိုပါအစီအစဥ်များပြီးဆုံးပါက သမ္မတပူတင်အနေဖြင့် Liberation Monument သို့ သွားရောက်ပြီး လွမ်းသူပန်းခွေချ၍ အိမ်ရှင်နိုင်ငံမှ ပြုလုပ်ပေးမည့် ဂုဏ်ပြုဧည့်ခံပွဲသို့ တက်ရောက်ကာ လေဆိပ်သို့ အပြန်လမ်းတွင် Church of the Life- Giving Trinity သို့ ဝင်ရောက်မည် ဖြစ်သည်။
နိုင်ငံတကာက အလေးထားစောင့်ကြည့်နေသော ရုရှားသမ္မတ ဗလာဒီမာပူတင်၏ မြောက်ကိုရီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်ကို မြောက်ကိုရီးယားနိုင်ငံအကြီးအကဲ ကင်ဂျုံအန်းက ကော်ဇော်နီခင်း၍ ကြိုဆိုခဲ့သလို အကြောင်းအရာများစွာကိုဆွေးနွေးညှိနှိုင်းကြမည်ဟုလည်း သိရသည်။ ထိုညှိနှိုင်းဆွေးနွေးမှုများမှ အနောက်အုပ်စု၏ ဖိအားပေးမှုကိုခံနေရသော အနီး ကပ်ဆုံးအိမ်နီးချင်းနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုဖော်ဆောင်ပေးနိုင်မည်ဟုလည်း ရုရှားသမ္မတ၏လက် ထောက် ယူရီယူရှာကော့ဗ်က ပြောကြားခဲ့သည်။
အမေရိကန်နှင့် နေတိုးအုပ်စုတို့ကမူ မြောက်ကိုရီးယားက ယူကရိန်းစစ်ပွဲတွင် ရုရှားအတွက်လိုအပ်သော အမြောက်ကျည် ဆန်များကို ထောက်ပံ့ပေးနေပြီး ရုရှားဘက်က စစ်ရေးအထောက်အပံ့နှင့် စားနပ်ရိက္ခာများ မြောက်ကိုရီးယားသို့ထောက်ပံ့ပေးနေသည်ဟု စွပ်စွဲထားကြသည်။ ပူတင်၏ ယခုခရီးစဉ်ကလည်း သမ္မတပူတင်က ရုရှားအတွက်လိုအပ်သောလက် နက်ကြီးကျည်ဆံများကို ထပ်မံရယူရန် ညှိနှိုင်းရေးအတွက် လာရောက်ခြင်းဟု ၎င်းတို့က သံသယရှိနေကြသည်။
ရုရှားနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံစလုံးကပင် နှစ်နိုင်ငံအကြား လက်နက်ရောင်းဝယ်မှုမရှိဟု ငြင်းဆိုခဲ့ကြသည်။ သို့သော် ၂၀၂၃ ခုနှစ်တွင် တွေ့ဆုံစဉ် ခေါင်းဆောင်နှစ်ဦးက နှစ်နိုင်ငံကြား စစ်ဘက်ဆက်သွယ်မှုများကို ခိုင်မာအောင်ပြုလုပ်မည်ဟု ပြောခဲ့ကြသည်။
ချစ်ကြည်ရေးခရီးမစတင်မီမှာပင် သမ္မတပူတင်က ယူကရိန်းစစ်ပွဲတွင် ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေးအပေါ် ထောက်ခံမှုပြုခဲ့သည့်အတွက်လည်းကောင်း၊ ဒွန်တက်စ်ခ်နှင့် လူဂန့်စ်ပြည်သူများ၏ လွတ်လပ်ရေးကို အသိအမှတ်ပြုသည့်အတွက်လည်းကောင်း၊ ထိုဒေသများကို ရုရှားနိုင်ငံသို့ ပေါင်းစည်းဝင်ရောက်ရေး လူထုဆန္ဒခံယူပွဲများ၏ရလဒ်များကို အသိ အမှတ်ပြုသည့်အတွက်လည်းကောင်း မြောက်ကိုရီးယားအစိုးရကို ကျေးဇူးတင်ကြောင်းပြောခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အပြီးတွင် သမ္မတပူတင်က ရုရှားနှင့် ကာလကြာရှည်ကပင် မဟာမိတ်နိုင်ငံအဖြစ်တည်ရှိလာသည့် ဗီယက်နမ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
Ref , AP & Tass