၁၅.၆.၂၀၂၄
Translated by Htwe Ko Tun
ရုရှားနိုင်ငံ ဘယ်လ်ဂိုရော့ဒေသအတွင်း ရှီဘီကီနိုမြို့၌ ယူကရိန်းတပ်ဖွဲ့များ၏ လက်နက်ကြီးကျည်ဆန်ကျရောက်မှုကြောင့် ငါးထပ်တိုက်ခန်းတွဲတစ်ခု၏ ဝင်ပေါက်လှေကားပြိုကျမှု ဇွန်လ ၁၄ ရက်က ဖြစ်ပွားခဲ့ရာ ဇွန်လ ၁၅ ရက်နံနက်အထိ သေဆုံးသူအရေအတွက် ငါးဦးရှိသွားပြီဖြစ်ကြောင်း ဒေသအုပ်ချုပ်ရေးမှူး Vyacheslav Gladkov က ပြောကြားခဲ့သည်။
ပြိုကျလျက်ရှိသော အပျက်အစီးများကို ဖယ်ရှား၍ ကယ်ဆယ်ရေးလုပ်ငန်းများကို ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ဇွန်လ ၁၄ ရက် ညလုံးပေါက်ပင် ဆောင်ရွက်ခဲ့ကြသည်။ အပျက်အစီးများအောက်မှ သေဆုံးသူလေးဦးကိုတွေ့ရှိခဲ့ရပြီး ကျန်အမျိုးသမီးတစ်ဦးမှာ ဆေးရုံတွင် ထပ်မံသေဆုံးခဲ့ရခြင်းဖြစ်သည်။ ထို့ပြင် အဆိုပါအဆောက်အအုံပြိုကျမှု၌ ဒဏ်ရာရရှိသူ ခုနှစ်ဦးရှိကြောင်းလည်း သိရသည်။ အခြားသော တိုက်ခန်းတွဲအဆောက်အအုံ ၂၀ မှာလည်း ယူကရိန်းတို့၏ပစ်ခတ်မှုအတွင်း ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။
ရှီဘီကီနိုမြို့က ရုရှား-ယူကရိန်းနယ်စပ်နှင့် လေးမိုင်ခန့်သာကွာဝေးသည်။ ၎င်းတည်ရှိရာ ရှီဘီကင်စကီး ခရိုင်ဆိုလျှင်လည်း နေ့စဉ်နီးပါးပင် လက်နက်ကျည်ဆန်များကျရောက်နေကြောင်း သိရသည်။
ထို့ပြင် ယူကရိန်းနိုင်ငံနှင့် ကီလိုမီတာ ၃၅၀ ခန့်ဆက်စပ်နေသော ဘယ်လ်ဂိုရော့ဒ် ဒေသအတွင်း၌လည်း အကြမ်းဖက်ခြိမ်းခြောက်မှုများ မြင့်တက်နေကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။
Ref-RIA