၃၁.၅.၂၀၂၄
Written by Hey Mar
Express ခရီးသည်တင်ယာဉ်တစ်စီး ဆိုင်ကယ်ကိုရှောင်ရာက တိမ်းမှောက်ခဲ့တဲ့ဖြစ်စဉ် ဒီနေ့ မေလ ၃၁ ရက်နေ့ မနက် ၁၁ နာရီ ၂၀ မိနစ်ခန့်က ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ကျိုင်းတုံပြည်ထောင်စုလမ်းမကြီး၊ မယ်ယန်းစုပေါင်းဂိတ်အနီးမှာ ဖြစ်ပွားခဲ့တယ်လို့ ဦးလှမိုး(တာချီလိတ်)ပရဟိတအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ရန်ကုန်ကနေ တာချီလိတ်ကို မောင်းနှင်လာတဲ့ ခရီးသည်ယာဉ်က ဆိုင်ကယ်ကိုရှောင်တိမ်းရာက အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ခရီးသည်(၇)ဦးအနက် အသက် လေးနှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသားသုံးဦးနဲ့ အမျိုးသမီးနှစ်ဦးတို့ မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာတချို့သာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“ခရီးသည်တင်ကားဟာ မယ်ယန်း စစ်ဆေးရေးဂိတ်အကျော်မှာ မျက်နှာချင်းဆိုင်ကလာတဲ့ မော်တော်ဆိုင်ကယ်ကို ရှောင်ရာက စလစ်ဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲ မှောက်သွားတာလို့ သိရပါတယ်။ ခရီးသည် ၆ ယောက် ဒဏ်ရာရပေမဲ့ အကုန်လုံးကအနည်းအပါးပဲထိခိုက်ကြတာပါ” လို့ ကူညီခဲ့သူတစ်ဦးက ပြောပါတယ်။
အခင်းဖြစ်နေရာကို တာချီလိတ်ခရိုင်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ ရွှေမယ်ယန်းပရတိတအသင်းနဲ့ ဦးလှမိုးပရဟိတအသင်းတို့က ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရှိသူ ၆ ဦးကို တာချီလိတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။